Unicode :
ဘေးနားကအသံတွေကြောင့် Xiao Zhan နိုးလာတယ်။
မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက အဖြူရောင်မျက်နှာကျက်ပြင်ကျယ်ကြီး။
ပတ်ဝန်းကျင်ကိုမျက်လုံးနဲ့ဝေ့ကြည့်လိုက်တော့ အိပ်ရာပေါ်မှာ လူတစ်ချို့ လဲနေကြသလိုသူတို့ဘေးနားမှာရှိနေတဲ့ လူတချို့ကလည်း အလုပ်ရှုပ်နေကြလေရဲ့။
လက်ကတစ်ခုခုဆူးသလိုခံစားရလို့ ကြည့်လိုက်တော့ သူ့လက်မှာ drip သွင်းထားတယ်။
ပြီးတော့ အိပ်နေရာကနေထဖို့ပြင်လိုက်တော့ ဗိုက်ထဲက အောင့်တက်လာတယ်။
အဲဒီအချိန်"မင်းနိုးနေပြီလား ထချင်လို့လား ငါထူပေးမယ်"
Yibo မနက်စာအတွက် အောက်ထပ်ကစားသောက်ဆိုင်မှာ ဝယ်ပြီးoတော့ Xiao Zhan ထဖို့ပြင်နေတာနဲ့ သူ့ဆီအပြေးသွားလိုက်တယ်။
ပြီးတော့ Xiao Zhan ကိုထူပေးပြီး နောက်ကျောမှာ ခေါင်းအုံးကိုမှီပေးလိုက်တယ်။"ဘယ်လိုနေလဲ သက်သာသွားပြီလား"
"ငါဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ ဘယ်ကတည်းကရောက်နေတာလဲ"
"အမ်.....မင်းဖြစ်တာက ဗိုက်မှာလေ ဦးနှောက်ပါချောင်သွားတာလား"
"ဒီမှာ Wang Yibo ငါမင်းနဲ့စနောက်နေဖို့ အားမရှိသေးဘူး ဘာဖြစ်တာလဲဆိုတာသာ ငါ့ကိုပြောပြ"
"အင်းပါ ငါမင်းနည်းနည်း စိတ်ကြည်သွားအောင်လို့ စတာပါ။မင်းမနေ့ကဘာဖြစ်တာလဲဆိုတာ တကယ်မမှတ်မိတာလား"
"ငါဗိုက်နာလို့မင်းကိုလှမ်းခေါ်လိုက်တယ်လေ ပြီးတော့ ပြီးတော့......."
"မင်းမေ့လဲသွားတယ် အဲဒါနဲ့ ငါဆေးရုံကားခေါ်လိုက်တာ doctor ပြောတာကတော့မင်းအစာအဆိပ်သင့်တာတဲ့ မင်းစားတာတွေစုံသွားလို့တဲ့"
"ခေါက်ဆွဲရယ် အာလူးကြော်ရယ် ချိုချဉ်ရယ် အအေးရယ်ပဲဟာ ဘာမှဖြစ်တာမှမဟုတ်ပဲနဲ့"
"ဒါပေမဲ့ မင်းစားတဲ့အစားအစာတွေကအစပ်တွေများတယ်လေ။ပြီးတော့ တစ်ခုခု date လွန်တာတွေလည်းရှိချင်ရှိမှာပေါ့။အခုခဏနားလိုက်အုန်း ငါဆရာဝန်သွားခေါ်လိုက်အုန်းမယ်"
အခန်းပြင်ကို ထွက်သွားတဲ့ Yibo ရဲ့ကျောပြင်ကိုငေးကြည့်ရင်း
YOU ARE READING
A Story We Created (Completed)
FanfictionWang Yibo အတွက် အချစ်စစ်နဲ့ဝေးခဲ့ရတဲ့ဘဝမှာ နောက်ထပ် အချစ်စစ်နဲ့တွေ့ဖို့ ကြောက်လန့်နေမိတယ်.... ဒါပေမဲ့ ဘဝမှာ အချစ်ဦးနဲ့ အခုမှစတင်တွေ့ဆုံမဲ့ Xiao Zhan နဲ့ဆုံမိတဲ့အချိန်မှာတော့ Wang Yibo အတွက် အချစ်စစ်နဲ့ဝေးခဲ့ရတဲ့ဘဝမှာ နောက်ထပ် အချစ်စစ်နဲ့တွေ့ဖို့ြေ...