Part 40💚❤️(The End)

10K 440 34
                                    

Unicode :

Yibo နှင့်အတူ မျက်နှာချင်းဆိုင်ထိုင်ကာ မနက်စာစားနေရင်း ရုတ်တရက်ရောက်လာသည့် မိဘနှစ်ပါးကြောင့် Xiao Zhan အံ့သြသွားကာ ပါးစပ်ထဲမှ ပေါင်မုန့်ချပ်ပင် လွတ်ကျသွားလေသည်။

"ဟင်....မာမားနဲ့ပါပါး...."

ခရီးဆောင်အိတ်များကို အခန်းထဲသို့ဆွဲလာပြီး Xiao Zhan ကို ပြေးပွေ့လိုက်သည့် Xiao Zhan ၏ မိဘနှစ်ပါးကြောင့် Yibo လည်း ကြောင်အအ ဖြစ်နေလေသည်။
Xiao Zhan က ခရီးပန်းလာသည့် မိဘများကို ထိုင်ခုံပေါ်တွင် အနားယူစေပြီး ဖြစ်သမျှ အကြောင်းစုံရှင်းပြရသည်။
Yibo လည်း ကုတင်ပေါ်တွင် ထိုင်နေရန် မသင့်တော်သည်ကြောင့် Xiao Zhan အနောက်မှလိုက်လာကာ မတ်တပ်ရပ်နေလေသည်။

"Zhan Zhan...သားလေး..မင်းဆေးရုံတက်ရတယ်ဆို ဘယ်လိုဖြစ်ရတာလဲကွယ်"

မိဘနှစ်ယောက်လုံး၏မျက်နှာတွင် စိုးရိမ်မှုက အထင်းသား။

"သားမဟုတ်ပါဘူးဗျာ။သားကနေကောင်းပါတယ်။ သား သူငယ်ချင်း...."

ကုတင်ဘက်ကို လက်ညှိုးထိုးကာ ဆေးရုံတက်နေသည့်သူကို ပြမည်ကြံတော့ လူနာက မရှိ။
Xiao Zhan ရင်ထဲ ဒိန်းခနဲဖြစ်သွားကာ Yibo ကို စိတ်ပူသွားသည်။

"ဟင်..Wang Yibo ဘယ်ရောက်သွားတာလဲ"

Xiao Zhan ဝုန်းခနဲထလိုက်တော့ ဘေးနားမှာရှိနေသည့် မာမားနှင့် ပါပါး ပါလန့်သွားသည်။
ထိုအချိန် အနောက်မှာရပ်နေသည့် Wang Yibo က Xiao Zhan ၏ မိဘနှစ်ပါးကို အရိုအသေပေး နှုတ်ဆက်သည်။

"မင်္ဂလာပါခင်ဗျ..ကျွန်တော့်နာမည် Wang Yibo ပါ။ Xiao Zhan ရဲ့သူငယ်ချင်းပါ"

သို့သော် Yibo ကို Xiao Zhan ဂုတ်မှဆွဲပြီး

"ဟေ့ကောင် Wang Yibo...မင်းက ကုတင်ပေါ်မထိုင်ဘဲ ဘာလို့မတ်တပ်ရပ်နေတာလဲ။ဆရာဝန်ကပြောထားတယ်လေ မင်းကသိပ်လှုပ်ရှားလို့မရဘူးဆိုတာ"

"ရပါတယ်ဆို...မင်းမိဘတွေလာတာ ငါက ဘယ်လိုလုပ် ကုတင်ပေါ်ထိုင်နေလို့ဖြစ်မှာလဲ"

"သွား..အခု ကုတင်ပေါ်သွားနေ"

"မနေဘူးကွာ...မနေပါဘူးဆို"

ပြောရင်းပင် Yibo သည် နံရံဘေးသို့အတင်းကပ်ကာ ရပ်နေလေသည်။
Xiao Zhan လည်း ပြောမရသည့်အဆုံး သူတို့နှင့်အတူထိုင်စေရတော့သည်။
ဘာမျှ နားမလည်သေးသည့် မိဘများကတော့ သူတို့နှစ်ယောက်ကို ကြည့်ရင်း ခေါင်းပင်မူးချင်လာသည်။

A Story We Created (Completed)Where stories live. Discover now