Unicode :
'အချစ်မှာ အသက်အရွယ်နဲ့ ကျားမ ခွဲခြားထားတာမရှိဘူးကွဲ့ တစ်ယောက်နဲ့တစ်ယောက်အချစ်စစ်ဖို့ပဲလိုတယ်'
ကိုယ်လက်သန့်စင်ဖို့သွားရင်း ဘေးနားကအဖိုးပြောလိုက်တဲ့စကားကိုပဲ Yibo နားထဲမှာကြားယောင်နေတယ်။
*တကယ်လို့ ငါကသာဖွင့်ပြောလိုက်ရင် ငါ့ဘက်ကခံစားချက်တွေကို Xiao Zhan နားလည်ပေးပါ့မလား။
သူကရော ငါ့လိုမျိုး ခံစားချက်တွေရှိနေမှာတဲ့လား။
အဖိုးပြောသလိုပဲ Xiao Zhan ကရောအဲ့ဒီအယူအဆကိုလက်ခံပါ့မလား။
တကယ်လို့ သူကငြင်းလိုက်ရင်ရော.....
သူကအဲ့လိုမျိုးတွေမုန်းတီးတတ်တဲ့သူဆိုရင်ရော....
Ah....Wang Yibo ရာ မင်းနဲ့သူနဲ့က အခုမှသူငယ်ချင်းဖြစ်ရုံပဲရှိသေးတာလေ။
မင်းအခုကတည်းနဲ့လောဘကြီးပြီး အဆင့်တက်လို့ဖြစ်ပါ့မလားကွ။
မင်း သူနဲ့သူငယ်ချင်းဖြစ်ခွင့်ရတာနဲ့တင် ကျေနပ်စမ်းပါ။
ပြီးတော့ ပြီးတော့...........
အရင်ကလို Fei လိုအဖြစ်ဆိုးမျိုးကြုံလို့မဖြစ်ဘူး။
ဟုတ်တယ် Xiao Zhan သာငါနဲ့ သူငယ်ချင်းအဆင့်ထက် ပိုပြီးပတ်သက်မိခဲ့ရင်......
မဖြစ်ဘူးမဖြစ်ဘူး.....ငါချစ်တဲ့သူတွေနောက်ထပ်မထိခိုက်သင့်တော့ဘူး*Yibo တစ်ယောက်တည်းအတွေးများစွာတွေးရင်း အရူးတစ်ယောက်ပမာ.......
ဘယ်လောက်တောင်တွေးနေလဲဆိုရင် အခန်းထဲသာပြန်ရောက်လာတယ်။တစ်ယောက်တည်းငူတူတူ ငိုင်တိုင်တိုင်ကြီးဖြစ်နေတယ်။"ဟေ့ကောင် Yibo ဟေ့ကောင်"
Xiao Zhan ပြောတာတောင်မကြားဘဲ ပြတင်းပေါက်ကိုသာငေးလျက်။
"Wang Yibo!"
Xiao Zhan အော်လိုက်တော့မှ
"ဟင် ဟင် ဘာဖြစ်လို့လဲ ငါဘာလုပ်ပေးရမလဲ"
"ဖြစ်နေတာမင်းကွ ခုနကတည်းကပြန်ရောက်လာတာ ငါ့ကိုလည်းစကားမပြောဘူး တစ်ယောက်တည်းငူငူကြီးထိုင်နေတယ်"
"ဪ Sorry ငါစဉ်းစားနေလို့ပါ"
"အမလေး စဉ်းစားနေလိုက်တာ ကမ္ဘာပျက်သွားတောင်သိမှာမဟုတ်ဘူး"
Xiao Zhan ကငေါ့ပြောလိုက်တော့ Yibo ရယ်မိတယ်။
"မင်းကလေ ငါ့ကိုဆိုအကောင်းမပြောဘူး အမြဲတမ်းပွစိပွစိနဲ့"
YOU ARE READING
A Story We Created (Completed)
FanfictionWang Yibo အတွက် အချစ်စစ်နဲ့ဝေးခဲ့ရတဲ့ဘဝမှာ နောက်ထပ် အချစ်စစ်နဲ့တွေ့ဖို့ ကြောက်လန့်နေမိတယ်.... ဒါပေမဲ့ ဘဝမှာ အချစ်ဦးနဲ့ အခုမှစတင်တွေ့ဆုံမဲ့ Xiao Zhan နဲ့ဆုံမိတဲ့အချိန်မှာတော့ Wang Yibo အတွက် အချစ်စစ်နဲ့ဝေးခဲ့ရတဲ့ဘဝမှာ နောက်ထပ် အချစ်စစ်နဲ့တွေ့ဖို့ြေ...