Unicode :
အဲဒါနဲ့ပဲ Xiao Zhan လဲနေတဲ့ကောင်လေးကိုတွဲပြီး သူ့အဆောင်နဲ့နီးတဲ့ ဆေးခန်းကိုလိုက်ပို့ပေးလိုက်တယ်။
အဲဒါမှ အဆောင်ကိုမြန်မြန်ပြန်ရောက်မယ်လေ။
ဆေးခန်းကိုရောက်တော့"ခြေထောက်က အရွတ်အက်သွားတာဗျ။တစ်လလောက်တော့ ပတ်တီးစီးရလိမ့်မယ်"
ဆရာဝန်စကားတောင်မဆုံးသေးဘူး။Yiboရဲ့မျက်စောင်းက Xiao Zhan ဆီရောက်လာတယ်။
Xiao Zhan ခမျာမှာတော့သူ့အပြစ်သူသိနေတော့ ခေါင်းလေးငုံ့လို့။
ဆရာဝန်ကပတ်တီးစည်း၊ဆေးတွေပေးပြီးတော့ Xiao Zhan ပြန်ဖို့ပြင်လိုက်တယ်။"နေအုန်း မင်းကဘယ်သွားမလို့လဲ"
"ကျွန်တော်က ဘယ်သွားရမှာတုန်း။ကျွန်တော်နေတဲ့အဆောင်ပြန်ရမှာပေါ့"
"နေအုန်း မပြန်သေးနဲ့အုန်း"
"ဗျာ! အဲ့ဒါဆိုကျွန်တော်ကဘာလုပ်ရမှာလဲဗျ"
"ငါ့ကိုအိမ်လိုက်ပို့ရမယ်"
"ဟုတ်ကဲ့ပါ"
Xiao Zhan လိုက်ပို့မယ်သာပြောလိုက်ရတယ်။တကယ်တမ်း စိတ်ထဲကတော့မကြည်ဘူး။
*ဟွန်း ငါခြေထောက်ရိုက်မိလိုက်လို့သာပေါ့ ခေါင်းသာရိုက်မိလို့ကတော့ အိမ်လိုက်ပြုစုနေရမလားပဲ*
Xiao Zhan ဒီအတိုင်းသာပြောလိုက်ပေမဲ့ သူစကားတွေက သူ့အနာဂတ်ကို ကြိုပြောနေခဲ့တယ်ဆိုတာ မသိခဲ့ပေ။
ဆေးခန်းရှေ့ရောက်တော့"Ah..... ငါ့ခြေထောက်ကဆက်လျှောက်လို့မရတော့ဘူး"
"ဟင် အဲ့ဒါဆိုဘယ်လိုလုပ်မှာလဲ အိမ်ပြန်ရအုန်းမှာလေ"
"မင်းငါ့ကိုကုန်းပိုး"
"ဗျာ!!!!ဘာပြောလိုက်တယ်။ကုန်းပိုးရမယ်"
"အေး"
Yiboကမျက်နှာသေဖြင့်ပြောနေသော်လည်း Xiao Zhan ခမျာမှာတော့ ကမ္ဘာပျက်သွားသလို။
"ဒီမှာ မင်းကို ငါဆေးခန်းလည်းလိုက်ပို့တယ် ဆေးဖိုးလည်းပေးတယ် အိမ်လည်းလိုက်ပို့ပေးမှာလေ ငါလုပ်တာမို့လို့ ငါ့အပြစ်ငါခံတယ်လေ ဒါပေမဲ့ကုန်းပိုးတာကတော့မလွန်လွန်းဘူးလား။"
YOU ARE READING
A Story We Created (Completed)
FanfictionWang Yibo အတွက် အချစ်စစ်နဲ့ဝေးခဲ့ရတဲ့ဘဝမှာ နောက်ထပ် အချစ်စစ်နဲ့တွေ့ဖို့ ကြောက်လန့်နေမိတယ်.... ဒါပေမဲ့ ဘဝမှာ အချစ်ဦးနဲ့ အခုမှစတင်တွေ့ဆုံမဲ့ Xiao Zhan နဲ့ဆုံမိတဲ့အချိန်မှာတော့ Wang Yibo အတွက် အချစ်စစ်နဲ့ဝေးခဲ့ရတဲ့ဘဝမှာ နောက်ထပ် အချစ်စစ်နဲ့တွေ့ဖို့ြေ...