Part 20💚❤️

5.4K 421 15
                                    

Unicode :

ရုတ်တရက် Yibo ကိုမြင်လိုက်ရတဲ့အတွက် Xiao Zhan တစ်ယောက် သူ့မျက်လုံးသူတောင် မယုံသင်္ကာဖြစ်နေတယ်။

"မဟုတ်ဘူး မဟုတ်ဘူး ငါမနက်စောစောထလိုက်လို့ အိပ်ချင်တာနဲ့ရောပြီး ထင်ယောင်ထင်မှားဖြစ်တာနေမှာ"

ဆိုပြီး ခေါင်းကိုခါလိုက်တယ်။

"အရူးလေး မယုံဘူးလား"

Yibo  Xiao Zhan ရဲ့ခေါင်းကိုပုတ်လိုက်တော့မှ

"မင်းတကယ် Wang Yibo လား"

Xiao Zhan အံ့သြသလိုမေးလိုက်တော့

"ဟုတ်တယ်လေ"

"အဲ့ဒါဆို မင်းဘယ်လိုလုပ်ရောက်လာတာလဲ မင်းပဲပြောတော့မလိုက်တော့ဘူးဆို"

အဲ့ဒီအချိန် တလိမ့်လိမ့်ရွေ့နေတဲ့ကားက လမ်းမကြီးပေါ်အရှိန်တင်ပြီးမောင်းလိုက်တော့
Xiao Zhan ကိုစကားပြောနေရတာနဲ့ မထိုင်ရသေးတဲ့ Yibo ဟာ
ကားဆောင့်ထွက်လိုက်တဲ့အရှိန်ကြောင့် Xiao Zhan အပေါ်အုပ်မိုးကျသွားပြီး
နှစ်ယောက်သားရဲ့မျက်နှာတွေဟာ နီးကပ်သွားတယ်။

Yibo ကားပေါ်တက်လာကတည်းက Zhuo Cheng မျက်နှာကိုမမြင်ချင်လို့ ပြတင်းပေါက်ဘက်လှည့်နေတဲ့ Yubin နဲ့ 
ထိုင်ခုံမှာထိုင်ကတည်းက စာအုပ်နဲ့မျက်နှာနဲ့မခွာတဲ့ Zhuo Cheng လည်း စကားသံကြားလို့နောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်
အနောက်ကနှစ်ယောက်ရဲ့မြင်ကွင်းကိုမြင်ပြီး လန့်သွားတယ်။

"Wang Yibo!!!"

"Xiao Zhan !!!"

Zhuo Cheng နဲ့ Yubin ရဲ့အော်သံကြောင့် Xiao Zhan လည်းသူ့အပေါ်က Yibo ကို အလန့်တကြားတွန်းချလိုက်တော့
Yibo တစ်ယောက် အောက်ကိုဖင်ထိုက်လျက်သားကျသွားတယ်။

"အား....နာလိုက်တာ"

Yibo သူ့တင်ပါးလေးကိုပွတ်ပြီး ဘေးဘီကိုကြည့်လိုက်တော့ အားလုံးကသူတို့ကိုစိုက်ကြည့်နေကြတယ်။အဲ့ဒီတော့မှ

"sorry sorry ငါလန့်သွားလို့ပါ"

ဆိုပြီး Xiao Zhan တစ်ယောက် Yibo ရဲ့လက်ကို ဆွဲလိုက်ပြီး Yibo လည်း Xiao Zhan ဘေးကခုံပေါ်မှာဝင်ထိုင်လိုက်တယ်။

အရှေ့ကလူတွေအားလုံးက ပြန်လှည့်သွားပေမဲ့ ဒီမြင်ကွင်းကို ဟိုနှစ်ယောက်ကတော့ပါးစပ်ဟောင်းလောင်းနဲ့ ကြောင်ပြီးကြည့်နေတုန်း.....

A Story We Created (Completed)Donde viven las historias. Descúbrelo ahora