Part 15💚❤️

5.8K 456 18
                                    

Unicode :

မနက် 7နာရီ
မီးဖိုချောင်ထဲက toast အနံ့ကြောင့် Yibo နိုးလာတယ်။
အိပ်ချင်မူးတူးနဲ့ Yibo အခန်းအပြင်ဘက်ကိုထွက်လာပြီး မီးဖိုချောက်ဘက်ကိုကြည့်လိုက်တော့
apron ဝတ်ထားတဲ့ Xiao Zhan တစ်ယောက် တကုပ်ကုပ်နဲ့ အလုပ်ရှုပ်နေလေရဲ့။

"Zhan Zhan ဘာလုပ်နေတာလဲ"

Yibo ဟင်းချက်နေတဲ့ Xiao Zhan ရဲ့ခါးကိုဖတ်ရင်းမေးလိုက်တော့

"ကိုကို အိပ်ရာထပြီလား ဟင့် မျက်နှာလည်းမသစ်သေးရဘူး ညစ်ပတ်အိုး"

"ကိုကိုက Zhan Zhan ကိုပဲညစ်ပတ်တာ"

"ဟိတ်လူကြီး မနက်စောစောစီးစီးဘာတွေလျှောက်ပြောနေတာလဲ"

Xiao Zhan Yibo ရဲ့နှုတ်ခမ်းဖျားတွေကို လက်ချောင်းလေးနဲ့ပိတ်ရင်း ပြောတော့

"Zhan Zhan ကလည်း ရှက်မနေပါနဲ့ မနေ့ကလည်း....."

"အာ ဒီကိုကိုကတော့ သွား သွားမျက်နှာသွားသစ်တော့ မနက်စာအငတ်ထားလိုက်မှာ"

မနက်စာငတ်ရင်ငတ်ပလေ့စေ ညစာမငတ်ရင်ပြီးရော"

"ကိုကိုနော်.."

"စတာပါဗျာ ကိုကို ရေချိုးလိုက်အုန်းမယ်နော်"

"အင်း မနက်စာပြင်ရင်းစောင့်နေမယ်.."

"ဟေ့ကောင် Yibo တံခါးဝမှာ ပြုံးပြုံးကြီးရပ်ပြီး ဘာလုပ်နေတာလဲ"

Xiao Zhan အသံကိုကြားမှ
Yibo သူစိတ်ကူးယဉ်နေမှန်းသတိရတော့တယ်။

"အမ် ဘာ...ဘာမှမဟုတ်ပါဘူး ဒီနေ့ကျောင်းတက်ရမှာမို့ပါ"

Yibo တစ်ယောက် Xiao Zhan ရိပ်မိမှာစိုးပြီး ပါးစပ်ကထွက်ချင်တာတွေထွက်သွားတော့

"ထူးထူးဆန်းဆန်း ကျောင်းသွားရမှာပျော်တယ်တဲ့"

"ငါကလူထူးဆန်းပဲလေ မင်းအခုမှသိတာလား ငါကကိုယ်ပျောက်နိုင်တဲ့ power လည်းရှိတယ်နော်"

Yibo Xiao Zhan ကိုလှမ်းနောက်ရင်းထမင်းစားပွဲမှာဝင်ထိုင်တော့

"အဲ့power ကိုအခု မျက်နှာသစ်ဖို့အသုံးချလိုက်အုန်း လူထူးဆန်းဆိုပေမဲ့ မျက်နှာမသစ်ပဲနဲ့တော့ထမင်းမစားဘူးမလား"

A Story We Created (Completed)Tempat cerita menjadi hidup. Temukan sekarang