Part 23💚❤️(အတိတ္ဆီသို႔....)

4.4K 343 14
                                    

Unicode :

"Wang Yibo မင်းဘာပြောလိုက်တာလဲ"

"ပါး ကြားတဲ့အတိုင်းပဲလေ ကျွန်တော် ဒီအိမ်ကထွက်သွားတော့မယ်လို့ပြောတာ"

"မင်း...မင်း အလိုလိုက်လို့ အမိုက်စော်ကားနေတာလား...ဟမ်"

"ကျွန်တော့်ကို ပါး ထင်ချင်သလိုထင်ပါ ကျွန်တော့်ဆုံးဖြတ်ချက်ကိုတော့ပြင်မှာမဟုတ်ဘူး"

"ဒီလောက်တောင် သွားချင်နေတာ ထွက်သွားကွာ...သွား..မင်းဘယ်တော့မှပြန်မလာခဲ့နဲ့"

"စိတ်ချပါ ပါး ပါးမြင်ချင်ရင်တောင် ကျွန်တော်ဘယ်တော့မှပြန်လာမှာမဟုတ်ဘူး"

ညနေခင်းအချိန်
သာမန်ဆို တိတ်ဆိတ်လွန်းလှတဲ့ Wang အိမ်တော်ကြီးထဲကနေ ရန်ဖြစ်သံ စကားများသံတွေ ထွက်လာတယ်။

"သားရယ် သားရဲ့ပါးကစိတ်ဆိုးနေလို့ပြောတာပါကွယ် အဲ့လိုမလုပ်ပါနဲ့"

သားအဖနှစ်ယောက် ရန်ဖြစ်တာကိုမကြည့်ရက်နိုင်တဲ့ Wang Shu တစ်ယောက် နှစ်ယောက်စလုံးကိုဖြောင်းဖြပေးနေပေမဲ့

"ဖယ်စမ်းပါ...ခင်ဗျားလည်းအတူတူပဲ အခုလည်း cover သာပြောနေတာမလား ကျွန်တော်ထွက်သွားမှာကို ခင်ဗျားကအရင်ကတည်းကမျှော်လင့်နေတာမလား"

"မဟုတ်ပါဘူး သားရယ် အမေ့မှာအဲ့လိုစိတ်ထားမရှိပါဘူးကွယ် သားအထင်လွဲနေတာပါ"

"တော်တော့ Wang Shu ဒီလောက်မိုက်တဲ့ကောင်ကို ရှင်းပြနေစရာမလိုဘူး သူသွားချင်တဲ့နေရာသွားပါလေ့စေ....
သွား....ထွက်သွား....ဘယ်တော့မှပြန်မလာခဲ့နဲ့"

"နှုတ်ဆက်ခဲ့ပါတယ် ပါး"

အဆင်သင့်ထုတ်ပိုးထားတဲ့ လွယ်အိတ်ကို Yibo ကောက်လွယ်လိုက်ပြီး အပြင်ကိုထွက်လာခဲ့တယ်။
အထက်တန်းပထမဆုံးနှစ် စတက်နေတဲ့ ကောင်လေးတစ်ယောက် ညအမှောင်ထဲမှာ ကြယ်လေးတွေကိုအဖော်ပြုရင်း ရေရေရာရာမသိတဲ့ ဦးတည်ရာကို လျှောက်သွားနေတယ်။

ည 12နာရီ.......
အိမ်ကနေထွက်လာခဲ့တာ မြို့ပြင်ဘက်တောင်ရောက်တော့မယ်။
လမ်းဘေးအုတ်ခုံလေးမှာ Yibo လွယ်အိတ်ကိုဘေးချပြီးထိုင်လိုက်ရင်း သူ့ဘဝအကြောင်းကို တရိပ်ရိပ်စဉ်းစားနေမိတယ်။
Yibo ငယ်ငယ်ကတည်းက သူ့ကို သူ့ပါးက မချစ်ခဲ့ပါဘူး။
များပြားလှတဲ့ company အလုပ်တွေကိုအကြောင်းပြရင်း အိမ်မှာသိပ်ကပ်လေ့မရှိ။
ရှားရှားပါးပါး အိမ်မှာနားနေရင်လည်း Yibo ကို သားရယ်လို့ အဖက်လုပ်တဲ့သူမဟုတ်။
အမြဲတမ်းလည်း သူ့အပေါ်ကိုအကောင်းမပြောခဲ့ဘူး။
ကျောင်းမှာ family meetings တွေရှိရင်လည်း Yibo ခမျာ မားနဲ့ပဲအမြဲတမ်းတက်ခဲ့ရတယ်။
အဖေတွေနဲ့အတူတူလာကြတဲ့ သူငယ်ချင်းတွေကို တွေ့ရင် Yibo သိပ်အားငယ်တာပဲ။
ဒါပေမဲ့ ဘာမှမသိရှာတဲ့ Yibo လေးကတော့ သူ့ပါးပါးအလုပ်များနေလို့ပါလေ ဆိုပြီး နားလည်ပေးခဲ့တယ်။
တစ်နေ့
Yibo လေးအလယ်တန်းလောက်မှာပေါ့....
Sunday မို့ ဘာမှလုပ်စရာမရှိတဲ့ Yibo အိမ်အောက်ထပ်ကိုဆင်းလာတော့ အိမ်ဖော်တွေရဲ့ တိုးတိုးတိတ်တိတ်စကားပြောသံတွေကိုကြားလိုက်ရတယ်။

A Story We Created (Completed)Tempat cerita menjadi hidup. Temukan sekarang