Part 25💚❤️

4.4K 341 29
                                    

Unicode :

My bABy RaBbiT
Part 25💚❤️

'Fei'ဆိုတဲ့အသံကြောင့် Yibo ရန်ဖြစ်သံတွေကြားနေရတဲ့လမ်းကြားထဲကို ချောင်းကြည့်လိုက်တယ်။
ကောင်လေးတစ်ယောက်က ကောင်မလေးရဲ့လက်နှစ်ဖက်ကိုအတင်းဆွဲထားပြီး ကောင်မလေးကတော့ရုန်းနေတယ်။

"Fei ငါပြောနေတယ်လေ နင်ငါ့ကိုမချစ်ဘူးလားလို့"

"မနေ့တစ်နေ့ကမှ သိတဲ့လူတစ်ယောက်ကို အထူးသဖြင့်နင့်လို ကောင်ကို ငါကပြန်ချစ်စရာလား
လွှတ်....ငါ့လက်ကိုလွှတ်လို့ပြောနေတယ်နော်"

"မလွှတ်ဘူးဟာ နင်ငါ့ကို ချစ်တယ်လို့ပြောမှ လွှတ်ပေးမယ်"

"Wang Qi Cheng နင်မယုတ်မာနဲ့နော် ငါ့ကို နင်ဘာများမှတ်နေလဲ လွှတ်...လွှတ်လို့..."

အဲ့ဒီအချိန်

'ခွပ်....'

Qi Cheng ရဲ့မျက်နှာပေါ်ကို အရှိန်ပြင်းပြင်းလက်သီးတစ်ချက်က လေအဟုန်လို ရောက်လာတယ်။

"မင်း လူလို နားမလည်ဘူးလား။ အသိစိတ်မရှိဘူးလား Wang Qi Cheng"

Yibo ကြည့်နေရာကနေ Qi Cheng ဆိုတဲ့နာမည်ကို ကြားလိုက်ရတော့ ဒေါသကထောင်းခနဲထွက်လာတယ်။
အရင်လို အေးအေးလူလူနေတတ်သည့်သူ့အကျင့်အတိုင်း စိတ်ကိုပြန်လျှော့လိုက်ပြီး ဆက်သွားဖို့ပြင်လိုက်ပေမဲ့ တစ်ဖက်ကမိန်းကလေးက မနေ့တစ်နေ့ကမှကိုယ့်ကျောင်းကိုပြောင်းလာတဲ့ ကျောင်းသူ....
ပြီးတော့ Wang Qi Cheng ရဲ့လုပ်ရပ်ကို ကိုယ့်ကျောင်းကို သိက္ခာကျစေနိုင်တဲ့အထိ.....
ဒီတော့လည်း Yibo ဝင်ပါရတော့သည်။

"ဟက်....ဘယ်သူများလဲလို့ မင်းကိုး...ခွေးကခွေးနေရာနေစမ်းပါ"

"ခွေးလည်း ဟောင်ရမဲ့သူ ကိုက်ရမဲ့သူကို ခွဲခြားတတ်တယ်ကွ အနည်းဆုံးတော့ မင်းထက်သာတယ်လေ"

"တောက်....မင်း...မှတ်ထားအုန်းပေါ့ကွာ"

Qi Cheng သွေးထွက်နေတဲ့ နှုတ်ခမ်းထောင့်ကို လက်နဲ့သုတ်ပြီး ထွက်သွားတယ်။

"ကူညီပေးတာ ကျေးဇူးတင်ပါတယ်နော်"

"ရပါတယ်"

Yibo ထွက်သွားမယ်လုပ်တော့

"ဟို...ဟိုလေ ငါ့ကို ဒီနေရာခေါ်သွားပေးလို့ရမလား ငါဒီနေရာကိုကောင်းကောင်းမကျွမ်းကျင်သေးလို့ပါ"

A Story We Created (Completed)Where stories live. Discover now