Part 4💚❤️

7.8K 621 11
                                    

Unicode :

နေ့လည်စာစားချိန် breaktime ရောက်တော့....

Xiao Zhan တို့သူငယ်ချင်းသုံးယောက် နေ့လည်စာစားဖို့ canteen ဘက်ထွက်လာကြတယ်။
ကိုယ့်ထမင်းဗန်းကိုယ်ယူရင်း နေရာကိုပြန်လာကြတော့ Xiao Zhan နေရာမှာ Yibo တစ်ယောက်ထိုင်နေတာတွေ့လိုက်ရတယ်။
Yiboထိုင်နေတာကိုမြင်မြင်ချင်းပဲ Yubin တစ်ယောက်တော့ ဗန်းမပြီးပျောက်ချင်းမလှပျောက်သွားလေရဲ့။
Zhuo Cheng လည်း Xiao Zhan နဲ့အတူတူထိုင်ချင်ပေမဲ့ ကျောင်းသားတစ်ယောက်ကနေ့လည်စာစားရင်း စာရှင်းပြပါဆိုလို့ ပါသွားတယ်။
Xiao Zhan စားပွဲကိုရောက်တော့

"ဘာလဲ မင်းကဘာလို့ ငါ့နေရာမှာလာထိုင်နေတာလဲ။နေ့လည်စာသွားမယူဘူးလား"

"သွားယူဖို့မင်းကိုစောင့်နေတာ"

"ငါ့ကို ဘာလို့ စောင့်နေတာလဲ သွားယူပါလား အချိန်မမှီပဲနေလိမ့်မယ် အမ်.....နေပါအုန်း မင်းကငါ့ကိုယူခိုင်းစေချင်တာလား"

"သဘောပေါက်လွယ်သားပဲ သွားယူတော့ ငါဗိုက်ဆာနေပြီ"

"မယူနိုင်ဘူး အဆောင်မှာသာ မင်းငါ့ကိုအနိုင်ကျင့်ရင် ကျင့်လို့ရမယ်။ကျောင်းမှာတော့ No ပဲ။"

"ရတယ်လေ အဲ့တာဆိုလည်း နေ့လည်ဆေးမသောက်ရုံပေါ့ "

"တောက်!!!!မင်းငါ့ကို ဒီစကားနဲ့ပဲ အနိုင်ကျင့်နေတာ အေးပါ ငါ့အပြစ်နဲ့ငါဆိုလည်းခံရုံပေါ့ ခဏစောင့်သွားယူပေးမယ်"

Xiao Zhan ဆောင့်ကြီးအောင့်ကြီးနဲ့ထွက်သွားသလို ထုံးစံအတိုင်းပါးစပ်ကလည်း ပွစိပွစိရွတ်လျက်။

*အဲ့ဆေးတွေအကုန် ရောကြိတ်ပြီး တစ်ခါတည်းအပြီးတိုက်လိုက်ရမှာ။အဲဒါမှဒဏ်ရရောအသက်ပါပျောက်သွားရမှာ*

Xiao Zhan ထွက်သွားတဲ့ပုံကိုကြည့်ပြီး Yibo ပြုံးနေမိတယ်။

ချစ်စရာကောင်းလှတဲ့ ယုန်ပေါက်ကလေးလို လုပ်နေတာက အရယ်အပြုံးသိပ်မရှိတဲ့Yibo ကို ပြုံးသွားနိုင်စေတော့ သူကိုယ်တိုင်လည်း အံ့သြနေမိတယ်။
ခဏကြာတော့  Xiao Zhan ထမင်းဗန်းကိုယူပြီးပြန်လာတယ်။

"ရော့ ဒီမှာ"

"ငါခရမ်းသီးမစားဘူး"

Xiao Zhan ထမင်းဗန်းထဲကြည့်လိုက်တော့ ထမင်းကခရမ်းသီးနဲ့ပေါင်းချက်ထားတာ....

A Story We Created (Completed)Where stories live. Discover now