Part 18💚❤️(ေမးခ်င္မိတဲ့ ရင္ထဲကေမးခြန္းမ်ား....)

5.4K 394 10
                                    

Unicode :

နံနက် 6 နာရီ
Xiao Zhan အိပ်ချင်မူးတူးနဲ့ထလာတယ်။
Yibo အိပ်ရာဘက်ကိုလှည့်ကြည့်တော့ စောင်ခြုံထဲမှာ Yibo တစ်ယောက် ကွေးကွေးလေးအိပ်နေလေရဲ့။
အဲ့ဒါနဲ့ Xiao Zhan လည်းသူအိပ်ရာနိုးသွားမှာစိုးလို့အပြင်ဘက်ကို ခြေသံဖော့ပြီး ထွက်လာခဲ့တယ်။

"မနေ့က တော်တော်ပင်ပန်းလို့ထင်တယ် တစ်ချိုးတည်းအိပ်ပျော်သွားတယ်။
တစ်ညလုံးဘာမှကိုမသိလိုက်ဘူး။
အိပ်လို့ကောင်းလိုက်တာ ဝှါး....
တော်သေးတယ်ခြေထောက်ကဒဏ်ရာပျောက်သွားလို့
မဟုတ်ရင် မနက်ဖြန်ကျဒုက္ခပဲ"

မနက်ထတိုင်းရေသောက်တတ်တဲ့သူ့အကျင့်အတိုင်း ရေခဲသေတ္တောထဲက ရေဘူးယူပြီး တစ်ဘူးလုံးကုန်အောင်သောက်လိုက်တယ်။
ပြီးတော့ ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်ရေချိုးလိုက်တယ်။
Xiao Zhan တို့နယ်မှာဆိုရင် အလုပ်တွေအားလုံးကမနက်စောစောဆို စကြပြီဆိုတော့ Xiao Zhan အခုလို မနက်စောစောထပြီး နိစ္စဓူဝလုပ်တာက အကျင့်ဖြစ်နေချေပြီ။
ရေစိုနေတဲ့မျက်နှာကို တပတ်နဲ့သုတ်ရင်း သူဒီနေ့ဘာလုပ်ဖို့ရှိလဲဆိုတာ စဉ်းစားနေတယ်။
တပတ်ကိုအပြင်ဘက်မှာလှမ်းပြီး အခန်းထဲပြန်ဝင်လာတော့ စားပွဲခုံပေါ်မှာ တင်လျက်သားလေးရှိနေတဲ့ လွယ်အိတ်လေးကိုလည်းတွေ့ရော

"ဟာ....သွားပြီ မနေ့က teachel ပေးထားတဲ့အိမ်စာတွေတစ်ခုမှမလုပ်ရသေးဘူး။
အလုပ်ကပြန်လာတော့ ပင်ပန်းပြီးအိပ်လိုက်တာ မေ့သွားပြီ။
ဒုက္ခပဲ အခုလုပ်မှ ဒီနေ့ တစ်ချို့ဟာတွေပြန်စစ်မယ်ပြောတယ်။
အား....ငါတော့သေတော့မှာပဲ"

Xiao Zhan လွယ်အိတ်ကိုယူပြီးစာလုပ်ဖို့ပြင်တော့
စာအုပ်ကရှာမတွေ့ တစ်အိတ်လုံးမွှေနေတာတောင် စာလုပ်ရမဲ့စာအုပ်က ဘယ်ချောင်မှာပုန်းနေလဲမသိ။
Xiao Zhan သေချာစဉ်းစားကြည့်လိုက်တော့

*အာ.... နေ့လည်က Yubin ငါ့စာအုပ်ကိုငှားပြီးပြန်ပေးတုန်းက မသိမ်းပဲနဲ့ငါခုံပေါ်မှာတင်ထားခဲ့တယ်
သေစမ်း Xiao Zhan ရေ မဖြစ်ဘူး ဒီနေ့ကျောင်းစောစောသွားမှ*

အဲ့ဒါနဲ့ Xiao Zhan လည်း ကျောင်း uniform မြန်မြန်လဲပြီး ကျောင်းသွားဖို့ဒုန်းစိုင်းပြင်တော့တယ်။
ကျောင်းသွားခါနီးတော့ သူအရင်ကျောင်းသွားမဲ့အကြောင်းကို Yibo ကို ပြောဖို့အခန်းထဲကြည့်လိုက်တယ်။
Yibo ကတော့ အခုထိ အိမ်မက်ကမ္ဘာထဲမှာသာယာနေတုန်း...
အစကတော့ နှိုးပြီးပြောမယ်လုပ်ပေမဲ့
သူအိပ်ပျော်နေတာကို Xiao Zhan လည်းမနှိုးရက်တော့ နေ့လည်ခင်းbreaktime ကျမှသူနဲ့တွေ့ရင်အကြောင်းအကျိုးပြောပြတော့မယ်ဆိုပြီး ကျောင်းကိုပဲထွက်လာလိုက်တော့တယ်။

A Story We Created (Completed)Tahanan ng mga kuwento. Tumuklas ngayon