Page 67-73
Page-67
အခန်း (၃)
နောက်နေ့မနက်မှာ ဖုန်းကျို Qing’yun နန်းတော်အိပ်ယာထဲကနေ ယိုင်တိုင်တိုင်ထလာခဲ့တယ်။
သေချာမနိုးသေးတဲ့ပုံစံနဲ့ သူမလက်ထဲက ခရမ်းရောင်ဝတ်ရုံကိုငေးကြည့်နေရင်း မုန့်လုံးလေးကို မေးလိုက်တယ် "ဒါက ဘာကြီးလဲ"
ထိုချိန်မှာ မုန့်လုံးလေးက wisteria ပင်အောက်မှာ သူ့ရဲ့မိဘတွေနဲ့ မနက်စာစားလျက်ရှိတယ်။ ဖုန်းကျိုရဲ့အသံကို ကြားလိုက်ရတော့ မုန့်လုံးလေး လက်ထဲကဇွန်းကိုကိုင်ကာ အချိန်တော်ကြာအောင်စဉ်းစားပြီးမှ သတိရသွားဟန်နဲ့ ရုတ်တရက်လက်သီးဆုပ်လိုက်ပြီး ပြောခဲ့တယ် "အဲ့တာ ကိုကြီးသုံဟွာရဲ့ဝတ်ရုံ"
ရဲ့ဟွာ တူကိုကိုင်းထားရင်း မျက်မှောင်ကြုတ်လိုက်တယ် "အဖေငယ်ငယ်ကတောင် ဦးလေးသုံဟွာလို့ခေါ်တာ"
မုန့်လုံးလေး တစ်စုံတစ်ခုပြောမလို့ ပါးစပ်ဟလိုက်ပြီးမှ ပြန်ပိတ်သွားခဲ့တယ်။ သူ့ရဲ့လက်ချောင်းလေးတွေနဲ့ သုံဟွာနဲ့သူ့ရဲ့ကြားက အသက်ကွာခြားမှုကို ရေတွက်ရင်း အလုပ်ရှုပ်နေတော့သည်။
ဖုန်းကျို နေရာမှာတင် ကျောက်ရုပ်ဖြစ်သွားသည်။ လက်ထဲကဝတ်ရုံကို ငေးကြည့်နေပြီးတော့ နန်းတော်တံခါးဝဆီကိုလျှောက်သွားပြီး အပေါ်မှာချိတ်ထားတဲ့ဆိုင်းဘုတ်ကို သူမခုရောက်နေတာ Qing’yun န်းတော်ဟုတ်မဟုတ် ကြည့်လိုက်တယ်။ သူမ မုန့်လုံးလေးကိုဘက်ကို လှည့်လိုက်ပြီး အထစ်ထစ်နဲ့ပြောလေသည် "ဒါ...ဘယ်လို..ဖြစ်နိုင်မှာလဲ"
ပိုင်းချန်းကတော့ မုန့်လုံးလေးကို နောက်ထပ်ဆန်ပြုတ်တစ်ပန်းကန်ထပ်ထည့်ပြီး ခွံ့တိုက်နေလေသည် "အဲ့တာ ဘာမှကိစ္စမရှိပါဘူး" သူမ ဖုန်းကျိုကိုနှစ်သိမ့်လိုက်တယ် "ညတုန်းက မင်းအရမ်းမူးနေလို့ သုံဟွာ မင်းကို Qing’un နန်းတော်ထိ ပြန်လိုက်ပို့ပေးတာ ပြန်ရောက်တော့ မင်းက သူ့ရဲ့ဝတ်ရုံကိုလုံးဝမလွှတ်ဘူးလေ မင်းကိုနှိုးလို့မှမရတာ သူ့ဝတ်ရုံကိုဒီတိုင်းထားခဲ့ရတော့တာပေါ့"
ဖုန်းကျို ပိုင်ချန်းရဲ့စကားတွေကို စဉ်းစားရင်း နားလည်သွားတဲ့ပုံစံနဲ့ ပြောခဲ့တယ် "အဲ့ဒါဆိုရင် သူလည်းပြန်တော့မှာမို့ ခေါ်သွားပေးတာထင်တယ် ဒါဆိုရင်တော့ တခြားသူတွေ ဘာမှအထင်လွဲစရာမရှိတာ ကျွန်မတို့နှစ်ယောက်ရဲ့ ဂုဏ်သိက္ခာလည်း မကျလောက်ပါဘူး"
![](https://img.wattpad.com/cover/212028445-288-k258612.jpg)
YOU ARE READING
Eternal love of dream-Three lives Three World The pillow book 1-Unicode version
Romanceသုံဟွာသီကျွင်း၊ ဖုန်းကျို တို့်ရဲ့ love story 💗💗💗 ပထမတွဲ (Unicode version) three lives three world:the pillow book 1 Myanmar translation by three live three world: the pillow book-Myanmar translation 💖 ဖတ်ပီးရင် vote 💗 👈 ပေးခဲ့ဦးနော် ပြန်လည်...