အခန်း ၁၀

228 22 0
                                    

Page 221-227

Page-221

အခန်း (၁၀)

နောက်နေ့တွေမှာ ဖုန်းကျိုတစ်ယောက် သီကျွင်းကိုမတွေ့ရတော့ဘူး။

အစတုန်းကတော့ သူမ သုံဟွာရဲ့အကြံဉာဏ်တွေကို ဖျက်လိုဖျက်စီးလုပ်မိတဲ့အတွက် အပြစ်ပေးခံရတော့မယ်လို့ ထင်နေတာ။ အအေးမိလို့အိပ်ရာထဲမှာ အနားယူနေတာတောင်မှ သူ့နဲ့ဆုံမိရင် ဘယ်လိုထွက်ပြေးရပါ့မလဲဆိုတာကို နည်းအမျိုးမျိုးစဉ်းစားနေခဲ့တာ။ ဒါပေမဲ့ ရက်အနည်းငယ်ကြာတဲ့ထိ ကျောင်းအချိန်ဇယားမှာ သုံဟွာ့ရဲ့အတန်းချိန်ပါမလာခဲ့ဘူး။ အတန်းပြီးချိန် တစ်ခုသောနေ့လည်ခင်းမှာတော့ သုံဟွာ့အကြောင်းဆိုရင် အရမ်းစိတ်ဝင်စားတတ်တဲ့ မင်းသမီး Jielu ကို သူမ ဂရုတစိုက်နားစွင့် စောင့်ကြည့်နေခဲ့တယ်။ သို့သော် Jielu ကိုယ်တိုင်တောင် သူ့ရဲ့အတန်းဖော်သူငယ်ချင်းတွေကို သုံဟွာစာလာမသင်လို့ တဖျစ်ဖျစ်တောက်တောက် ညည်းညူနေလေရဲ့။ တခြားဘာသတင်းထူးမှ မရခဲ့ဘူး။

သုံဟွာက မင်းသမီး Jiheng ကိုတွေ့ဖို့အတွက် ရောက်လာတာလေ။ အခုဆို နှစ်ယောက်သားတွေ့ပြီးကြပြီဆိုတော့ သူ ကောင်းကင်ဘုံကို ပြန်သွားတာများလား? ဒါပေမဲ့ သူ သူမကိုချစ်နေတာဆိုရင် ဘာလို့ဒီနေရာကနေခေါ်ထုတ်မသွားတာလဲ? တစ်ကြိမ်လောက်လေးတွေ့ဆုံနိုင်ဖို့ ဘာလို့ ၁၀နှစ်ကြာအောင်ထိ စောင့်နေမှာလဲ? ဘာလဲ ဒီအမူအကျင့်က လွန်ခဲ့တဲ့နှစ်ရာချီအတွင်း ထပ်တိုးလာတဲ့ သူ့ရဲ့ဝါသနာအသစ်လား? Jiheng သူ့ဘေးမရှိတဲ့ဒီနှစ်တွေမှာ သုံဟွာ တကယ်ကိုနားလည်ရခက်လာတာပဲ။

ဒီနေ့ Meng Shao ရှောင်ရန်နဲ့သူမကို မြို့ထဲကနာမည်ကြီးစားသောက်ဆိုင် Zuilixian မှာ သေရည်သောက်ဖို့ ဖိတ်ထားတယ်။ Zuilixian ဂေဟာက မကြာသေးခင်ကပဲ မြို့တော်တစ်ခုလုံးမှာအလှဆုံး ကချေသည်မလေးကို ရွေးချယ်ငှားရမ်းထားတာလေ။ Meng Shao တစ်ယောက် ထိုကချေသည်လေးကို ကြည်နူးမှုများစွာနဲ့ ကြည့်ရှုအားပေးနေလေရဲ့။ သေရည်အနည်းငယ်သောက်ပြီး မူးလာချိန်မှာတော့ Saha ပင်ကို စောင့်ရှောက်နေတဲ့ စပါးအုံမြွေကြီး ၄ကောင်ရဲ့လျှို့ဝှက်ချက်ကို သူ့ခမျာ ရက်ရက်ရောရောကြီးကို ထုတ်ပြောတော့တာပဲ။ ဒါပေမဲ့ Meng Shao စကားတွေက သူရေးထားတဲ့စာစီစာကုံးတွေလို ရှင်းလင်းမှုမရှိဘူး။ သူပြောနေတဲ့ လျှို့ဝှက်ချက်အကြောင်းအရာတွေကလည်း ကမောက်ကမနဲ့ အစီအစဉ်မကျ ရှုပ်ထွေးနေတယ်။ အဲ့ဒီအကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း ပြန်နိဂုံးချုပ်နိုင်တဲ့ ရှောင်ရဲ့စွမ်းရည်ကို ကျေးဇူးတင်ရမယ်။ Meng Shao ပြောသွားပုံအရ လတိုင်းလတိုင်းရဲ့ ၁၅ရက်မြောက်နေ့ကိုရောက်ရင် အဲ့ဒီမြွေကြီးတွေက ကောင်းကင်နဲ့မြေကြီးရဲ့ မှော်စွမ်းအားအဆီအနှစ်တွေကိုစုပ်ယူဖို့ သူ့တို့နေတဲ့တိုင်လုံးတွေကနေ ခဏထွက်သွားလေ့ရှိတယ်တဲ့။ အဲ့ဒါကြောင့် နာရီအနည်းငယ်ကြာတဲ့အထိ မှော်သစ်ပင်ကိုစောင့်ရှောက်တဲ့သူ ဘယ်သူမှမရှိဘူးတဲ့။

Eternal love of dream-Three lives Three World The pillow book 1-Unicode versionWhere stories live. Discover now