အခန်း ၃ (၂)

321 40 1
                                    

Page 74-77

Page-74

ဖုန်းကျို လက်ကိုင်ပုဝါလေးအဖြစ်နဲ့ စားပွဲပေါ်မှာရှိနေဆဲပဲဖြစ်သည်။ သုံဟွာတို့ရဲ့ခြေသံတွေ ပိုပြီးနီးကပ်လာတာကို ကြားရတော့ သူမ တွေးမိခဲ့တယ်။ သူမ ဘာလို့လက်ကိုင်ပုဝါလေး အဖြစ်ကိုပြောင်းပြီး ဒီမှာနေနေတာလဲ?  အခုတော့ သူမဘယ်လိုဆက်ပုန်းရတော့မလဲ? စားပွဲပေါ်မှာ ဒီအတိုင်းဆက်ရှိနေရင်တော့ တစ်စုံတစ်ယောက်က သူမကို အနှေးနဲ့အမြန်သတိထားမိမှာပဲ။

မုန့်လုံးလေး နတ်မင်းကြီးတွေကို ဂါရဝပြုလိုက်တယ်။ ထို့နောက် သီကျွင်းကို 'ဘိုဘိုး' လို့ခေါ်လိုက်ပြီး လန်ရှန်းကိုကျ 'ဘိုးဘိုး ၃' လို့ခေါ်လိုက်သည်။ သူ့ရဲ့မြေးတူလေးကို မမြင်ရတာကြာပြီဖြစ်တဲ့လန်ရှန်း မုန့်လုံးလေးရဲ့ခေါင်းကို အသာအယာသပ်ပေးရင်း မုန့်လုံးလေးရဲ့ စာလေ့လာမှုနဲ့ပတ်သက်ပြီး မေးခဲ့တယ်။ မုန့်လုံးလေးကတော့ လန်ရှန်းမေးတဲ့ မေးခွန်းတစ်ခုချင်းစီတိုင်းကို သေချာဖြေဆိုနိုင်ခဲ့ပါတယ်။ သူ ဖြေဆိုပြီး ခေါင်းကိုအမော့မှာ သူ့ရဲ့အစ်မဖုန်းကျို သုံဟွာရဲ့လက်ထဲကိုရောက်နေတာ မြင်လိုက်ရသည်။ သုံဟွာ သူမကို အသေအချာလေ့လာနေလေရဲ့။

လန်ရှန်း ဘေးကိုလှည့်လိုက်ကာ မေးခဲ့တယ် "ဒီလက်ကိုင်ပုဝါလေးက..."

သုံဟွာ မျက်နှာသေကြီးနဲ့ "ငါတစ်ထည်ပျောက်သွားတာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ နေရာအနှံ့လိုက်ရှာနေတာ"

မုန့်လုံးလေး မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားခဲ့တယ်။ သူ ပြန်ပြီးငြင်းလိုက်ချင်သော်လည်း ဖုန်းကျိုပြောထားတဲ့စကားကို သတိရသွားပြီး ပါးစပ်ပိတ်လိုက်တယ်။ သုံဟွာ သူ့ရဲ့ဝမ်းကွဲအစ်မ ဖုန်းကျိုကို ခေါက်လိုက်တော့ မုန့်လုံးလေး နာကျင်သွားသလို မျက်နှာကြီးရှုံ့မဲ့သွားပြီး ကြေကွဲနေတဲ့အသံနဲ့ "ကျေးဇူးပြုပြီး သာ..သာ လုပ်ပါ မမဖုန်းကျို...အဲ..သားပြောတာက လက်ကိုင်ပုဝါလေး နာသွားလိမ့်မယ်လို့"

လန်ရှန်း သံသယမျက်လုံးတွေနဲ့ သူ့ရဲ့ယပ်တောင်နဲ့ သုံဟွာရဲ့လက်ဆီကိုညွှန်ရင်း မေးလိုက်တယ် "ဒါပေမယ့် ဒါက မိန်းကလေးတွေသုံးလေ့ရှိတဲ့ ပုံစံလေးပါ မင်းဘာလို့...?"

Eternal love of dream-Three lives Three World The pillow book 1-Unicode versionWhere stories live. Discover now