အခန်း ၆(၃)

188 23 0
                                    

Page 161-170

Page-161

စီမင်းပြောပုံအရ အဲ့ဒီနေ့က သူ ညလယ်စာစားပြီးရုံရှိသေးတယ်တဲ့။ သွားတိုက်ပြီးတော့ လူ့ပြည်ကနတ်ငယ်တစ်ဦး လက်ဆောင်လာပေးထားတဲ့ လက်ဖက်ရည်ရွက်ကိုနှပ်ထားပြီးရုံရှိသေး။ လရောင်ကအရမ်းသာယာလွန်းတော့ ထိုင်ခုံတစ်လုံးထုတ်ပြီး ကြာကန်ရဲ့ဘေးမှာငါးသွားမျှားမယ်ဆိုပြီး ထွက်လာခဲ့လိုက်တာတဲ့။ စီမင်း သူ့ရဲ့ငါးမျှားတံကိုရေထဲပစ်ပစ်ချင်းပဲ ငါးမျှားတံလေးလာလို့ ဆွဲယူလိုက်တယ်။ တစ်သက်မှာတစ်ခါ ကြုံတောင့်ကြုံခဲ ငါးမျှားတံချချချင်းငါးမိတာဆိုတဲ့အတွေးနဲ့ စိတ်လှုပ်ရှားနေတုန်းရှိသေးတယ် ကြိုးကိုပြန်ရစ်လိုက်တဲ့အခါမှာတော့ ငါးမျှားချိတ်မှာ ငြိနေတာက သေတော့မယ့်မြေခွေးလေးတစ်ကောင်ပဲ။ အဲ့ဒီမြေခွေးလေးက...ဒါပေါ့ ဖုန်းကျိုပဲလေ။

ဖုန်းကျို စီမင်းရဲ့အဆောင်မှာပဲ သုံးရက်ဆက်တိုက်နေခဲ့ရတယ်။ သူ့မှာလည်း သူ့အသိမှန်သမျှဆီအပြေးအလွှားသွားကာ သူမအတွက်လိုအပ်တဲ့ဆေးတွေ တောင်းခဲ့ရတယ်။ ရိုးရိုးကုရတဲ့ဟာတွေရှိသလို သောက်ဆေးတွေလည်းပါတယ်လေ။ ဖုန်းကျူအခါးမကြိုက်တတ်မှန်းသိလို့ သူမလွယ်လွယ်ကူကူသောက်နိုင်ဖို့ စီမင်း ဆေးတွေထဲကို ပျားရည်တွေထည့်ရတာ နည်းနည်းနောနောမဟုတ်ဘူး။ တော်သေးတယ် ဆေးတွေကအရမ်းအစွမ်းထက်တော့ သူမဒဏ်ရာတွေ လျင်လျင်မြန်ပျောက်ခဲ့တယ်။ သုံးလေးရက်လောက်ကြာပြီး သူမအိပ်ယာပေါ်ကဆင်းနိုင်ခဲ့လေတယ်။ ကံကြမ္မာစာအုပ်ကိုလက်ကကိုင်လျက် စီမင်းတစ်ယောက် မရေမတွက်နိုင်လောက်အောင်မေးပြီးသား ဒီမေးခွန်းကိုပဲ ထပ်မေးပြန်တယ် "မင်းသမီးလေးရယ် ဒီလောက်စွမ်းအားကြီးတဲ့နတ်ဘုရားမတစ်ယောက်က ခုလိုစုတ်ပြတ်နုံချာလှတဲ့အခြေအနေမျိုးရောက်အောင် ဘာတွေမြန်းလုပ်ခဲ့တာလဲဟင် ကျွန်တော်တကယ်သိချင်တယ်"

အခုတလော သူမရဲ့စိတ်တွေ အလွန်ဆိုးဝါးနေတဲ့အတွက်ကြောင့် စီမင်းမေးခွန်းကို ပြန်ဖြေဖို့တောင်ဂရုမစိုက်နိုင်ခဲ့ဘူး။  ပြတင်းတံခါးအပြင်ဘက်မှာ တိမ်စိုင်တွေစီးမျောလျက်ရှိတယ်။ နတ်ကြိုးကြာလေးတွေကလည်း သာယာလှတဲ့တေးလေးတွေသီလို့။ သူမရဲ့စိတ်ကတော့ရှုပ်ထွေးနေဆဲပဲ။ နှစ်ပေါင်းနှစ်ထောင်ကျော်တောင်ကြာခဲ့တဲ့ဒီအချစ်က နောက်ဆုံးတော့ လက်လွှတ်လိုက်ရဖို့အချိန်တောင်ရောက်သွားပြီလား?

Eternal love of dream-Three lives Three World The pillow book 1-Unicode versionWhere stories live. Discover now