အခန်း ၁၁(၅)

616 31 1
                                    

Page 303-307

Page-303

Jieyouစမ်းထဲခိုးဝင်ရတာ ဘယ်လောက်ထိအန္တရာယ်များလဲဆိုတာ အခြားသူတွေထက် သူမပိုသိပါတယ်။ တခြားရွေးချယ်စရာနည်းလမ်းသာရှိရင် သူမရဲ့အသက်ကို ဒီလိုစွန့်စားမှာမဟုတ်ပါဘူး။ ဒါပေမယ့် Ye Qingti အပေါ်တင်ခဲ့တဲ့ကျေးဇူးကြွေးကရှိသေးတယ်လေ။ နှစ်တွေအများကြီးကြာပြီးတာတောင် သူမ အဲ့ဒါကိုပြန်မဆပ်ရသေးဘူး။ ဒီတစ်ချိန်လုံး ထိုကျေးဇူးကြွေးကိုသူမစိတ်ထဲမှာထားနေရတာ ကြာလာတော့ အပြစ်ရှိသလိုလိုတောင်ခံစားလာရပြီ။ မတော်တဆ ဒီတောင်ကြားထဲကိုပြုတ်ကျပြီး အဲ့ဒါကိုပြန်ဆပ်နိုင်ဖို့ ရှားရှားပါးပါးအခွင့်အရေးကြီးကြုံခဲ့တယ်။ သူမ ဒီအခွင့်အရေးကို လက်မလွှတ်ချင်ဘူး။ Saha သီးကိုရဖို့ တခြားနည်းလမ်းတွေကို သူမမစဉ်းခဲ့တာလည်း မဟုတ်ဘူး၊ ကြိုးစားမကြည့်ခဲ့တာလည်း မဟုတ်ဘူးလေ။ ဒါပေမယ့် တစ်ခါတစ်ရံ မိုးကောင်းကင်ရဲ့အလိုကို ခန့်မှန့်ရခက်တယ်။ တစ်ချိန်က Ye Qingti သူမအသက်ကိုကယ်ဖို့ သူ့အသက်ကိုစွန့်လွှတ်အနစ်နာခံခဲ့တယ်။ သူမဒီကျေးဇူးကြွေးကို အလွယ်တကူပြန်ဆပ်လို့ရမယ်ဆိုရင် မတရားဘူးလို့ မိုးကောင်းကင်ကယူဆလို့များလား? တရားမျှတမှုရှိဖို့ အသက်အန္တရာယ်နီးတဲ့စွန့်စားမှုတစ်ခုကို လုပ်စေချင်တာများလား? မိုးကောင်းကင်က အမြဲတမ်း သူ့နည်းသူ့ဟန်အတိုင်း စီမံကိုင်တွယ်လေ့ရှိတာ။ ဒီလောက်ထိစဉ်းစားပြီးတဲ့နောက် သူမ ဒီကိစ္စကိုထပ်မံတွေးတောဖို့ စိတ်မပါတော့ဘူး။ ကောင်းကင်ပြင်ကျယ်ကြီးကို သူမမော့ကြည့်လိုက်တယ်။ သူမ Saha သီးကိုခိုးမယ်ဆိုရင် ဒီညခိုးမှရမှာ။

သူမ ခြံတံခါးဆီသို့လျှောက်လှမ်းသွားတဲ့အချိန်မှာပဲ ရှောင်ရန် နားမလည်သလိုမေးလာတယ် "နင်ငါနဲ့ Zhuilixian ကိုလိုက်မသောက်တော့ဘူးလား"။ သူမ မရေမရာနဲ့နောက်နေ့မှသောက်ကြဖို့ ပြောဆိုလိုက်ပေမယ့် သူမစိတ်ထဲမှာတော့ အဲ့လိုသောက်နိုင်ဖို့က ဒီညသူမရဲ့ကံကောင်းမှုအပေါ်မှာပဲ မူတည်တယ်လို့ တွေးလိုက်တယ်။ အကယ်၍ သူမသာကံမကောင်းရင် ထိုနောက်တစ်နေ့ဆိုတာ ရှိလာတော့မယ်မထင်ဘူး။ သူမ ရှင်းရှင်းလင်းလင်းမပြောတဲ့အတွက် ရှောင်ရန်စိတ်ရှုပ်ကာသက်ပြင်းချလိုက်ပြီး ခြေလှမ်းအနည်းငယ်နဲ့တင် ခြံတံခါးဝဆီရောက်သွားလေတယ်။ သူထွက်သွားတော့မယ့်အချိန်မှာပဲ သူမသူ့ကို ခဏရပ်ဖို့ပြောလာတော့ ရှောင်ရန်တစ်ယောက် ဝမ်းသာအားရနဲ့ အနောက်ကိုပြန်လှည့်ကြည့်လိုက်တယ် "နင် ဒီလိုသူငယ်ချင်းကောင်းပီသစွာ ငါ့ကိုအဖော်လိုက်ပေးမယ်ဆိုတာ သိနေတယ်လေ"

Eternal love of dream-Three lives Three World The pillow book 1-Unicode versionWhere stories live. Discover now