အခန်း ၁၁(၂)

257 22 0
                                    

Page 261-268

Page-261

Zuilixian စားသောက်ဆိုင်က အလျှံအပယ်ညစာစားပွဲကြီးအတွက် ချမ်းသာသမျှအစုစုတို့သုံးလိုက်ပြီးနောက် သူမအကျဉ်းကျခံရလိမ့်မယ်လို့ ဖုန်းကျိုဘယ်လိုမှမထင်ထားခဲ့ဘူး။ အဖြစ်အပျက်က ဤသို့စတင်ခဲ့လေသည်။ ဒီနေ့နံနက်ခင်းကို အဆင်သင့်ဖြစ်အောင်ပြင်ဆင်ဖို့အတွက် အစောကြီးနိုးလာခဲ့တယ်။ သူမလည်း ခြံဝန်းထဲကမြေလမ်းလေးအတိုင်း ကျောင်းဂိတ်ဝဆီ ဦးတည်လျှောက်လှမ်းခဲ့တာပေါ့။ " ဘန်း" ဆိုတဲ့အသံကြီးကြားလိုက်တဲ့အထိ သူမခြေအစုံကမြေပြင်မှာရပ်နေခဲ့တုန်းပဲ။ နောက်တော့ အားကြီးတဲ့စွမ်းအားတစ်ခုနဲ့ထိတွေ့ပြီး သူမတစ်ကိုယ်လုံး နောက်ကန် လန်ထွက်သွားတော့တယ်။

ဖုန်းကျိုက အဒေါ်ပိုင်ချန်းရဲ့အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာတာလေ။ သူမကိုအဆိုးအပေလေးဖြစ်အောင်ထိန်းသိမ်းခဲ့တာကြောင့် သူမလည်း မြေခွေးငယ်လေးဘဝတည်းက အပေအတေလေးဖြစ်ခဲ့တာပေါ့။ သူမရဲ့ ဒေါသကြီးလှတဲ့ဖခင်ကြီးက ဘယ်လိုပဲထိန်းသိမ်းထားစေကာမူ သူမကတော့ တံခါး ဒါမှမဟုတ် ပြတင်းပေါက်ကို ဆောင့်ကန်ပြီးတော့တောင် ထွက်ပြေးခဲ့တာပဲ။ အပြစ်ပေးမှုပုံစံမျိုးစုံမှန်သမျှ သူမကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တာချည်းပဲ။ ဒါပေမဲ့ ဒီတစ်ခါ သူမရဲ့လိမ္မာကျွမ်းဝင်မှုတွေက လုံးဝအသုံးမဝင်တော့ဘူးထင်ပါရဲ့။ သုံဟွာက အတော်ကိုအရှက်မရှိတဲ့နတ်မင်းပဲ။ Jifeng Yun တစ်ခုလုံးကို သူ့အကာအကွယ်တံတိုင်းထဲ ထည့်ထားတယ်လေ။ ဒီအကာအကွယ်အတားအဆီးကိုချုပ်ဖောက်နိုင်လောက်အောင် သူမမှမစွမ်းပဲ။ အသက်အရွယ်ပိုင်းအရ သူမရဲ့စွမ်းအားက အကန့်အသတ်နဲ့ပဲ ရှိသေးတာလေ။ သုံဟွာနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် သူ့အိပ်ခန်းအထိ ချီတက်သွားခဲ့တယ်။ သူကတော့ အခုမှအိပ်ရာထစဖြစ်ပြီး အပြင်ဝတ်ရုံကိုတောင် အခုမှကြိုးချည်တုန်းရှိသေးတယ်။ ဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့ သူမအကြည့်ကိုလဲမြင်ရော သူ အိပ်ချင်နေတဲ့အသံလေးနဲ့ ပြောရှာတယ် "မင်း Saha သီးပြိုင်ပွဲကိုစိတ်ဝင်စားနေတယ်လို့ ငါကြားထားတယ်"

သူမ စိတ်ရှုပ်သွားတော့တယ်။

သုံဟွာ ပေါ့ပေါ့ပါးပါးပဲ ရှင်းပြလာတယ် "ငါ့နာမည်သုံးပြီး မင်းကိုထောက်ခံပေးထားမှတော့ မင်းသာဒီပွဲမှာအနိုင်မရခဲ့ရင် ငါ့ဂုဏ်သိက္ခာကျဆင်းသွားမှာပေါ့"

Eternal love of dream-Three lives Three World The pillow book 1-Unicode versionWhere stories live. Discover now