အခန်း ၉(၂)

190 23 0
                                    

Page 210-213

Page-210

ဖုန်းကျိုမှာ ဖျားတိုင်း ပြည်တည်တည်ချွဲတတ်တဲ့အကျင့်လေးတစ်ခုရှိတယ်။ လွန်ခဲ့တဲ့နှစ် ၇၀ တုန်းက Zhi’yue တောင်က နတ်မင်းကြီး Cang’yi တစ်ယောက် သူမဖျားတာ မျက်မြင်ကိုယ်တွေ့တစ်ကြိမ်လောက်ကြုံလိုက်ရတာ သူမကို ခေါင်းစခြေဆုံး တစ်ခါတည်းကြွေစင်းသွားတော့တာပဲ။ ဒါဟာ အဲ့ဒီကောလဟာတွေ ဘယ်လောက်ထိစစ်မှန်ကြောင်း သက်သေပြလိုက်တာပါပဲ။

ကြင်နာမှုရှိတဲ့သူတစ်ယောက်က သူမကို နွေးထွေးလှတဲ့ အိပ်ရာစောင်ခြုံတွေကြားကို ပွေ့ချီခေါ်ဆောင်သွားခဲ့တယ်။ သို့သော်လည်း နှင်းတွေကြားမှာ နာရီဝက်လောက်အေးခဲနေခဲ့တာဆိုတော့ သူမတုပ်ကွေးမိပြီပေါ့။ ဒါ့အပြင် မြင်ဇူးသကနဲ့နှင်းတွေပေါင်းတဲ့အဆိပ်က သူမကိုယ်ထဲမှာ ခုထိပျံ့နှံ့ဆဲပဲရှိသးတယ်။ သူမအိမ်မက်ထဲမှာလည်း အရာအားလုံးက အစီအစဉ်မကျ ရှုပ်ထွေးနေတုန်းပဲ။ တစ်ဖက်တောင်ပေါ်မှာနေတဲ့ ဝံပုလွေတစ်ကောင်နဲ့ ငါးမျှားပြိုင်ကြရာကနေ ရေနစ်ပြီးဖျားလို့ အိပ်ယာထဲလဲနေတဲ့မြေခွေးလေးလို့ သူမကိုယ်သူမ ထင်နေမိတယ်။

လက်ဖဝါးတစ်ခုက သူမနဖူးကိုလာထိလေတယ်။ သူမရဲ့ကျန်ရှိနေသေးတဲ့အသိစိတ်ကနေ အအေးဓာတ်ကိုခံစားနေရတယ်။ သူမ ချမ်းလွန်းလို့ စောင်အောက်ကို ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး လျှိုသွင်းလိုက်တယ်။ ထိုထိနေတဲ့လက်ကလေး ရုတ်တရက်တန့်သွားပြီး သူမကိုပတ်ထားတဲ့စောင်ကို သူမရဲ့ပါးစပ်လေးနဲ့နှာခေါင်းလေးပဲချန်ကာ မေးစေ့ရဲ့အောက်မှာ သိုသိုသိပ်သိပ်ထုပ်ပိုးပေးလေတယ်။ သူမ နေသာထိုင်သာရှိသွားသလိုခံစားရပြီး သူမရဲ့ပါးပြင်လေးကို ထိုလက်လေးနဲ့ အသာအယာပွတ်သပ်နေခဲ့တယ်။

Page-211

ငယ်ငယ်တည်းက သူများတွေကိုကပ်ဖားယပ်ဖားချွဲတဲ့နေရာမှာ သူမအရမ်းတော်တာလေ။ ပိုင်မိသားစုမှာဆိုရင် သူမက အဲ့နေရာမှာပြိုင်ဘက်ကင်းပေါ့။ အခုလည်း သူမရဲ့အကျင့်ကို သတိမေ့လျော့စွာ ထုတ်ပြနေပြီဖြစ်တယ်။ သို့သော် သူမရဲ့အသိစိတ်နည်းနည်းလေးနဲ့တောင်မှ ထိုလက်လေးက သူမချွဲပြနေတဲ့အမူအရာမှာကြွေစင်းပြီး မြတ်နိုးစွာသူမကိုပြန်ပွတ်သပ်မပေးဘူးဆိုတာကို သူမပြောနိုင်တယ်။ ဒါ ပုံမှန်တော့မဟုတ်ဘူး။ ချက်ချင်းပဲ သူမရဲ့ကြိုးစားအားစိုက်မှု နည်းသေးလို့လို့တွက်ကာ သူမရဲ့လက်ကို စောင်ထဲကနေထုတ်ပြီး ထိုလက်လေးကိုဆွဲဖမ်းကာ သူမရဲ့ပါးကို တို့တိတို့တိပွတ်သပ်ပြန်တယ်။

Eternal love of dream-Three lives Three World The pillow book 1-Unicode versionWhere stories live. Discover now