အခန်း ၇

199 22 0
                                    

Page 171-177

Page-171

ဒုတိယပိုင်း - Fanyin တောင်ကြား
အခန်း (၇)

ဖုန်းကျိုတစ်ယောက် ခြုံထည်အထူကြီးခြုံလျက် အနောက်ဆောင်အတွင်း ပြတင်းနားကမီးပုံဘေးမှာထိုင်ကာ သူမရဲ့ဆရာက အပြစ်ပေးတဲ့ထားတဲ့အတွက် Dari ဆာလမ်ကျမ်းကြီးကို ခုနှစ်ကြိမ်မြောက် ကူးရေးနေရင်း သမ်းဝေနေလျက်ရှိသည်။

သူမငယ်ငယ်တုန်းကလည်း အဆော့သန်လွန်းလို့ ချင်းချူကသူမရဲ့ဆရာတွေအပြစ်ပေးခြင်းကို မကြာခဏခံရမြဲဖြစ်သည်။ သို့သော် အတန်းဖော်အများစုရဲ့မိဘတွေက သူမမိသားစုအောက်မှာ အလုပ်လုပ်နေကြတဲ့သူတွေဖြစ်တဲ့အတွက် သူမအတွက်အပြစ်ဒဏ်ကို အမြဲခံယူပေးလေ့ရှိတယ်။ သူမကျောင်းတက်လာတာအတော်ကြာပြီ အပြစ်ဒဏ်ဆိုတဲ့အရာကိုလုပ်ဖို့ လက်ချောင်းလေးတစ်ချောင်းတောင် မမဖူးဘူး။ ကိစ္စတွက ဘယ်လိုတောင်ပြောင်းလဲသွားတာလဲ။ သူမ အသက် ၃၀၀၀၀ တောင်ရောက်နေပြီ မငယ်တော့ဘူးလေ။ ဘုရင်မတစ်ယောက်လည်းဖြစ်တာမို့ ခုအချိန်မှ Biyiniao(ငှက်မျိုးနွယ်စု)ရဲ့ စာသင်ခန်းထဲမှာ ကျောင်းစည်းကမ်းတွေ ပြန်သင်နေရတာမျိုးက အရမ်းဝမ်းနည်းဖို့ကောင်းတယ်။

ဒီအဖြစ်ကနေ ဖုန်းကျူ ကောက်ချက်နှစ်ခုချလိုက်တယ်။ တစ်ခုက နဂါးတစ်ကောင်က ဒေသခံမြွေတစ်ကောင်နဲ့ ရန်ဖြစ်လို့မရဘူး။ သူမရဲ့ ဘိုးဘေးတွေဟာ သူမကိုမလိမ်ခဲ့ဘူးပဲ။ နောက်တစ်ခုက အဖော်တောဝက်ထီးတစ်ကောင်က ဝံပုလွေဆယ်ကောင်ကို အနိုင်ရနိုင်တယ်။ ဒါလည်း သူမရဲ့ဘိုးဘေးတွေက သူမကိုမလိမ်ခဲ့ဘူးပဲ။ ဒီနေရာမှာမေးစရာရှိတဲ့ ဒေသခံမြွေဆိုတာ Biyiniao ရဲ့ တင်းကျပ်လှတဲ့ ကျောင်းဆရာပဲပေ့ါ။ အဖော်ဝက်ထီးဆိုသူက ရန်ချီဝူပဲလေ။

ကိစ္စတွေက ဘယ်လိုဖြစ်လို့..ဒီလိုတွေဖြစ်လာရတာလဲ? ခြောက်လလုံးလုံးခေါင်းခြောက်ခံစဉ်းစားတာတောင် ရှောင်လွှဲလို့မရတဲ့ကံကြမ္မာလို့ပဲ ပြောနိုင်တယ်။

လွန်ခဲ့တဲ့နှစ်ဝက်လောက်က သူမနဲ့ စစ်သည်တော်ရှောင်ရန်တို့နှစ်ယောက် Fanyin တောင်ကြားထဲက ငေါထွက်နေတဲ့ချောက်ကမ်းပါးပေါ်ကို အကူအညီမဲ့စွာ ပြုကျခဲ့တယ်။ အတိတ်အကြောင်းကို ခဏတာမျှစားမြုံ့ပြန်ပြီးတဲ့နောက် တစ်ခါထပ်ပြီး ကမ်းပါးကနေ ဟိုးအောက်အထိကို ထပ်ပြုတ်ကျပြန်တယ်။ ကံမကောင်းချင်တော့ ဒီကမ်းပါးအောက်မှာ နေထိုင်ကြတဲ့ Biyiniao(အတောင်နှစ်ခုဆက်လျက်ရှိတဲ့ ငှက်)မျိုးနွယ်ရဲ့ ဒုတိယမင်းသားအပေါ်ကိုမှ တည့်တည့်ကြီးပြုတ်ကျခဲ့တာ။ အဲ့ဒီနောက်မှာတော့ သူမတို့ရဲ့ခက်ခဲပင်ပန်းတဲ့အချိန် စခဲ့လေတယ်။

Eternal love of dream-Three lives Three World The pillow book 1-Unicode versionWhere stories live. Discover now