အခန်း ၅(၂)

220 25 0
                                    

Page 118-122

Page-118

နှစ်ပေါင်းများစွာကြာပြီးတဲ့အခါမှ ဖုန်းကျို သဘောပေါက်နားလည်လာတာက သူမထက်စာရင် သုံဟွာက Jiheng နဲ့ ရေစက်ပိုပါတယ်ဆိုတာပဲ။ အရင်တုန်းကတော့ သူမ ဒီအကြောင်းတွေကို သိပ်မစဉ်းစားမိခဲ့ဘူး။ အဲ့ဒီအချိန်တွေတုန်းကဆို သူမ Jiheng ရဲ့ပေါင်ပေါ်မှာလှဲနေပေမယ့် သူမရဲ့မျက်လုံးတွေက ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့ သုံဟွာကိုပဲ အချိန်ပြည့်ငေးကြည့်နေခဲ့တာ။ သူမရဲ့နှလုံးသားတစ်ခုလုံး ကြင်နာမြတ်နိုးမှုတွေနဲ့ပဲပြည့်နှက်နေပြီး တစ်ခြားသူတွေအကြောင်းတွေးဖို့ ရင်ထဲမှာနေရာလွတ်တောင်မရှိခဲ့ဘူးလေ။

အခုအချိန်ဆို Qinyao တောင်မှာ သုံဟွာ သူမအသက်ကိုကယ်ပေးခဲ့တဲ့အချိန်ကစပြီး ရေတွက်ကြည့်မယ်ဆိုရင် နှစ်ပေါင်းနှစ်ထောင်တောင် ကုန်လွန်သွားခဲ့ပြီ။

ထိုနှစ်ပေါင်းနှစ်ထောင်အတွင်း သုံဟွာက အရှေ့ဘက်မြက်ခင်းပြင်ကရေကန်ငယ်မှာ ငါးမျှားနေရင် သူမက ကန်ရဲ့တစ်ဖက်ခြမ်းမှာ တံမြက်စည်းလှဲနေတယ်။ သုံဟွာက အနောက်ဘက်ကြာကန်ဘေးမှာ စစ်တုရင်ကစားနေရင် သူမက သုံဟွာနဲ့မျက်နှာချင်းဆိုင်မှာ သန့်ရှင်းရေးလုပ်နေတယ်၊ သုံဟွာက ဥယျာဉ်ထဲကလက်ဖက်ပင်တွေကိုရေလောင်းနေရင် သူမ အနီးနားကမြေပြင်ကို တံမြက်လှည်းနေရပြန်တယ်။ ထိုနှစ်တွေအတွင်း သူမသုံဟွာနဲ့ အနီးကပ်ဆုံးအချိန်တွေက ဒီလောက်မျှသာဖြစ်တယ်။ သုံဟွာ့မျက်နှာကို အနီးကပ်မတွေ့ခဲ့ရပေမယ့် သူ့မျက်နှာချောချောလေးကတော့ စတွေ့ချိန်ကစပြီး သူမနှလုံးသားမှာ ထုဆစ်ခဲ့ပြီးသားလေ။ သူ့မျက်နှာက စာအုပ်ထဲမှာထက် အပြင်မှာပိုချောတယ်ဆိုတာကိုလည်း သူမကောင်းကောင်းသိတယ်။

သူ နည်းနည်းလေးတောင်ပြောင်းလဲမသွားပါဘူး။ ဟိုအရင်ကလို ချောမောမြဲ နှစ်သက်ဖွယ်ကောင်းမြဲပါပဲ။ သို့သော် သူ စွမ်းအင်တစ်ချို့ဆုံးရှုံးထားတာကြောင့် အိပ်နေရာကခုမှနိုးလာတဲ့သူတစ်ယောက်လို အနည်းငယ်ထိုင်းမှိုင်းမှိုင်း ဖြစ်နေတယ်။ သုံဟွာ အေးအေးဆေးဆေးထိုင်နေရင်း Jiheng ဖုန်းကျိုရဲ့သားမွှေးနီနီလေးတွေကို အသာအယာပွတ်သပ်ပေးနေတာကို ကြည့်နေခဲ့တယ်။ ဘာမှမပြောဘဲ တိတ်ဆိတ်လို့နေခဲ့သည်။

Eternal love of dream-Three lives Three World The pillow book 1-Unicode versionWhere stories live. Discover now