အခန်း ၆(၁)

227 21 0
                                    

Page 132-139

Page-132

အခန်း (၆)

ထိုအချစ်ဇာတ်လမ်းလေးရဲ့အစကို ဖုန်းကျိုသေချာသိတယ်။ အဲ့ဒီအချိန်တုန်းကဆို သူမနဲ့ Jiheng ရဲ့ကံကြမ္မာက သိပ်ရောထွေးသေးတာမှမဟုတ်တာ။

လွန်ခဲ့တဲ့နှစ် ၃၀၀ ကနေ့တစ်နေ့မှာ သုံဟွာ မီးစာကြာပန်းအိမ်ထဲက အားကြီးတဲ့စွမ်းအင်နဲ့ဖျက်ဆီးထွက်လာတော့ တောက်ပတဲ့အလင်းရောင်တန်းကြီးတစ်ခု Fuyu တောင်ထိပ်မှာဖြစ်ပေါ်ခဲ့တယ်။ အပြင်ကမ္ဘာကိုရောက်လာပြီး သူမပထမဆုံးလုပ်တဲ့အရာက ရန်ချီဝူကိုသွားရှာတာမဟုတ်ဘူး။ သူမကို ထိုက်ချန်နန်းတော်ကိုခေါ်သွားတာလေ။ အင်ကြင်းပင်တွေနေရာအနှံ့ရှိနေတဲ့ နတ်ပြည် ၁၃ ထပ်မှာတော့ နတ်မင်းကြီးတွေဟာ ဝိဉာဉ်ပိတ်ကျောက်စိမ်းကိုထိန်းသိမ်းရန်ပေါ့လျော့ခဲ့တဲ့ အပြစ်ဒဏ်ကိုခံယူဖို့ နတ်ပြည်ဂိတ်တံခါးကနေ နန်းတော်တံခါးဝအထိ ကြမ်းပြင်ပေါ်ဝမ်းလျားမှောက်ခေါင်းငုံ့ကာ တန်းစီစောင့်နေကြလေရဲ့။ မကြာခင်မှာပဲ တိမ်တိုက်ပြာတွေနဲ့ ဓမ္မတေးသံတွေကြားကနေ သုံဟွာလျှောက်ဝင်လာခဲ့တယ်။ ဘယ်သူမှခေါင်းမော့ဖို့မပြောနဲ့ တုတ်တုတ်တောင်မလှုပ်ရဲကြဘူးလေ။ ကိုယ့်အပြစ်ကိုယ်နားလည်ကြတာကိုး။ တန်းစီနေကြတဲ့နတ်မင်းတော်တော်များများက ဟိုးအရင်ခေတ်ကတည်းက ရှိနေခဲ့ကြတဲ့ ရဲရင့်လှတဲ့စစ်သည်တော်တွေဖြစ်တယ်။ ဖုန်းကျို ကျောင်းစာအုပ်တွေထဲမှာ သူတို့ပုံတွေကိုမြင်ဖူးတယ်လေ။

သုံဟွာ သူ့ရဲ့အယုံကြည်ရဆုံးသူဖြစ်တဲ့ နန်းတော်ရဲ့အိမ်တော်ထိန်း Zhonglin ဆီမှာ သူမကိုအပ်ထားခဲ့တယ်။ သို့သော် ဖုန်းကျို သူမကိုစောင့်ရှောက်ဖို့ တခြားသူကိုမှမလိုချင်တာ။ သူမစိတ်ထဲမှာ သူမလက်တွေကိုပတ်တီးလဲပေးဖို့၊ ဒဏ်ရာတွေကိုဆေးကြောပေးဖို့၊ သားမွှေးတွေကိုဖြီးသပ်ပေးဖို့က သုံဟွာသာအတော်ဆုံးလို့မြင်တယ်။ သုံဟွာသူမကို ထားမသွားစေချင်တာကြောင့် သူမရဲ့သေးငယ်တဲ့လက်သည်းလေးတွေနဲ့ သူ့အင်္ကျီစကို အတင်းဆွဲထားခဲ့တယ်။ သုံဟွာသူမကို ကိုယ်နဲ့ ၁ ပေလောက်အကွာမှာချီမြှောက်ထားလေတော့ သူမဘယ်လောက်ပဲကြိုးစားကြိုးစား သူ့ဆီကိုလှမ်းမမှီနိုင်ဘူး။ နောက်ဆုံးတော့ လက်လျှော့လိုက်ရပြီး သူမမျက်နှာလည်း ချက်ချင်းညှိုးကျသွားခဲ့တယ်။

Eternal love of dream-Three lives Three World The pillow book 1-Unicode versionWhere stories live. Discover now