အခန်း ၉

234 24 0
                                    

Page 196-201

Page-196

အခန်း (၉)

နည်းနည်းအရှက်မရှိတာက တစ်ခုခုပဲ။ ဒါပေမယ့် သုံဟွာလိုလုံးဝအရှက်မရှိတာကတော့ အတော်ဆိုးသွားပြီ။ သူမ သက်သေခံလက်ကိုင်ပုဝါလေးကို တင်းတင်းဆုပ်လျက် Shui'yue စိမ့်မြေဘက်ကို တစ်ဟုန်ထိုးပြေးသွားတော့တယ်။

ပြန့်ကျဲနေတဲ့နှင်းပွင့်တွေက ဆက်လက်ကျဆင်းလို့နေတယ်။ ဖုန်းကျို လက်ထဲကပုဝါကို ခဏခဏငုံ့ကြည့်ရင်း ခြေလှမ်းမြန်မြန်နဲ့လျှောက်ခဲ့တယ်။

မကြာသေးခင်ကမှ သူမကိုယ်သူမ သဘောထားကြီးလှတဲ့နတ်သမီးတစ်ပါးလို့ သတ်မှတ်ထားခဲ့တာ။ တကယ်လို့များ သုံဟွာက သူမရဲ့ဒေါသကိုဖြေသိမ့်ဖို့အတွက် လက်ကိုင်ပုဝါတစ်ခုအဖြစ်ကို ပြောင်းလဲမပေးခဲ့ရင်တောင်မှ ဒီအမုန်းတရားတွေက နောက်ရှစ်နှစ် ကိုးနှစ်လောက်ကြာရင် သူမ သူ့ကိုခွင့်လွှတ်ပေးနိုင်မယ်ပေါ့လေ။

ဒါပေမယ့် သူ သူမကိုလှည့်စားခဲ့တယ်။ ဒါ ခွင့်မလွှတ်နိုင်စရာပဲ။ သူမသာ သူ့ရဲ့လိမ်ညာထားမှုကိုသိရှိသွားရင် သူမရဲ့ကျန်ဘဝတစ်လျှောက်လုံး သူ့ကိုနားကျည်းမုန်းတီးနေလိမ့်မယ်လို့ မတွေးခဲ့မိဘူးလား? ဒါမှဟုတ် သူမ သူ့ရဲ့အလိမ်အညာကို တွေ့ရှိသွားဖို့ ဉာဏ်မမှီလောက်ဘူးလို့များထင်ခဲ့တာလား? သူမ သုံဟွာအကြောင်းသိရသလောက်တော့ ဒုတိယအချက်က ပိုဖြစ်နိုင်ချေရှိတယ်။ ချက်ချင်းပဲ သူမရဲ့အမျက်ဒေါသက နှစ်ဆတိုးသွားတော့တယ်။

Shui'yue Bailu အပင်က Fanyin တောင်ကြားရဲ့ အလေးအမြတ်ထားရာစိမ့်မြေပေါ်မှာ ပေါက်ရောက်လျက်ရှိတယ်။ ဒဏ္ဍာရီတွေထဲက လရေနှင်းပင်ဆိုတာ နှစ်ပေါင်းသုံးထောင်ကြာအသက်ရှင်ပြီး နှစ်ပေါင်းသုံးထောင်ကြာပြန်မပေါက်တဲ့ အပင်တစ်မျိုးဖြစ်တယ်။ ဒီစိမ့်မြေကလည်း အဲ့ဒီအပင်ရဲ့နာမ်မည်ကိုယူပြီး ပေးထားတာလေ။ အပင်ရဲ့ရေကိုယ်ထည်ကြီးကို စိမ့်မြေလို့ ခေါ်ပေမယ့် တကယ်တမ်းကျတော့ ရေကန်တစ်ခုနဲ့သွားတူတယ်။ ရေကန်က ဧကတစ်ထောင်လောက်ကျယ်ဝန်းပြီး အပေါ်မှာလည်း Bailu ပင်တွေက မိုင်ချီမြင့်ကာ ပေါက်ရောက်လျက်ရှိကြတယ်။ ပြောကြတာတော့ Biyiniao မျိုးနွယ်စုရဲ့ဘုရင်မကြီးက ဒီနေရာကမိုးလောက်မြင့်လှတဲ့ Bailu ပင်တွေကို အတော်သဘောကျနှစ်သက်ပြီးတော့ ရေပူစမ်းလေးထဲမှာအပန်းဖြေအနားယူဖို့အတွက် မကြာခဏလာလေ့ရှိတယ်ဆိုပဲ။ ဒီအတွက်ကြောင့် Shui'yue စိမ့်မြေဟာ ထူးကဲလှတဲ့ ရှုခင်းတွေရှိပေမယ်လို့ လာရောက်သူအတော်နည်းပါးကာ အများအားဖြင့်တိတ်ဆိတ်လို့နေတယ်။

Eternal love of dream-Three lives Three World The pillow book 1-Unicode versionWhere stories live. Discover now