7

4K 449 25
                                    

Note:တခုမှာချင်တာလေးရှိလို့ပါ   ဒီficလေးမှာအရင်နဲ့မတူတဲ့စကားအသုံးအနှုန်းလေးတွေအနည်းငယ်ကြမ်းတမ်းမှာမို့ ကြိုပြီးမေတ္တာရပ်ခံပါရစေ၊
တချို့ကမနှစ်သက်တာမျိုးရှိနိုင်တာကြောင့် ကြိုအသိပေးတာပါ

*******************
ဆယ်ဟွန်းနိုးလာပြီ၊
လူအရင်မနိုးခင် အကောင်ပေါက်ဟာအရင်နိုးနေပြီ၊

" အင်းးးး"

မျက်လုံးမဖွင့်ဘဲအပျင်းကြောတချက်ဆွဲရင်း လျော့တိလျော့ရဲဖြစ်နေတဲ့ဝတ်ရုံအောက်ကအကောင်ပေါက်ကိုလွတ်လပ်ခွင့်ပေးလိုက်တယ်။

လက်တွေကိုအလုပ်ပေးဖို့ပြင်မိနေချိန်မှာပဲ ခပ်ကျယ်ကျယ်အသံစူးစူးဟာဆယ်ဟွန်းနားကိုမဒိန်းကျင့်တော့တာပဲ။

" ကြင်ယာတော်လေး ထဖို့အချိန်အချိန်တန်ပါပြီ "

ထိုအသံဟာ တခေါက်လဲမဟုတ်၂ခေါက်လဲမဟုတ် ဆက်တိုက် တရစပ်ကြီးထွက်လာတာမို့ အမောက်ထောင်ချင်နေတဲ့လက်ထဲကအကောင်ဟာ အခြေအနေမဟန်မှန်းသိတာနှင့်အသာလေးပြန်အိပ်သွားပြီ။

မျက်လုံးတွေကိုပွတ်သပ်ဖွင့်ကြည့်မိမှ
လခွမ်း...
ဆယ်ဟွန်း အိမ်မဟုတ်တဲ့တခြားနေရာမှာပဲ၊

" အော်  ငလူးမင်းကြီးနဲ့မနေ့ကယူခဲ့တာပဲ
သောက်ကျိုးနည်း မေ့တော့မလို့"

"ကြင်ယာတော်လေး အိပ်ယာထဖို့အချိန်ရောက်ပါပြီ"

ထပ်ထွက်လာသည့်အဆောင်ပြင်ကအသံကြောင့်ဆယ်ဟွန်းကုန်းထမိတော့တယ်၊

ခါးစည်းကြိုးလျော့တိလျော့ရဲ၊ အပေါ်ပိုင်းဝတ်ရုံတထည်ကိုပုခုံးပေါ်ဖြစ်သလိုတင်ရင်း တံခါးကိုခြေထောက်နဲ့ကန်ကာထွက်လာတော့ အပြင်ဘက်ရှိအထိန်းတော်နှင့်အပျိုတော်အချို့ဟာ အပေါ်ပိုင်းဗလာနှင့်ဆယ်ဟွန်းအားကြည့်ကာသရဲတစ္ဆေမြင်သွားသည့်ဟန်ဖြင့် ခေါင်းမဖော်ကြတော့။

" ကြင်..ကြင်ယာတော်လေး ဝတ်ရုံဝတ်ပြီးမှ ထွက်လာခဲ့ပါ ခုက မသင့်တော်ပါဘူး"

ဆယ်ဟွန်းကိုယ့်ရင်ဘတ်ကိုယ် ငုံ့ကြည့်မိတယ် ။
ပြားချပ်နေတာက ဘာကိုမသင့်တော်စရာရှိသလဲ။

နှာဘူးကြင်ယာတော် (နှာဘူးကြင်ယာတော်)Where stories live. Discover now