16

4.2K 488 52
                                    

နန်းတော်အပြန်လမ်းမှာတော့ဆယ်ဟွန်းဟာ စိတ်ရှုပ်ရတာကတဖက် သာယာနေရတာကတဖက်နဲ့။

အပျောက်မခံတဲ့ငလူးကောင်ဟာဆယ်ဟွန်းနဲ့အတူ ရထားလုံးအတွင်းအတူထိုင်စေပါတယ်။

" ပေကုန်ပီကွာ "

ဆယ်ဟွန်းဟာရထားလုံးငယ်အတွင်းငလူးကောင်ရဲ့ပေါင်ပေါ်ခေါင်းအုန်းလို့ တဖက်ကလဲ ငလူးကောင်ခွံ့ကျွေးသမျှ နနီရဲရဲရှိတဲ့ဖရဲသီးစိတ်လေးတွေကိုတမြုံ့မြုံ့ဝါးလို့နေတယ်။

ပါးစောင်တလျှောက်စီးကျသမျှ ဖရဲသီးအချိုရည်တွေကိုငလူးကောင်ဟာအပြုံးမပျက်သုတ်ပေးလို့ ဆူပူပါတယ်။

ခုလိုမျိုး ယောက်ျားရင့်မာကြီးအချင်းချင်း ပူးနေမှုကိုအသားမကျပေမဲ့လို့ ဆယ်ဟွန်းဟာငလူးကောင်ကို ငယ်ကျွန်လေးတယောက်မိမိကိုဂရုစိုက်ပေးနေတယ်လို့သဘောထားပါတော့တယ်။

" နန်းတော်ပြန်ရောက်ရင် ကိုယ်တော်မင်းကို ကြာအင်းဘေးကအဆောင်တော်ကိုချီးမြှင့်မယ်"

ဆယ်ဟွန်းက ပြီးပြီးရောသဘောနဲ့ပဲခေါင်းငြိမ့်ပြမိတယ်။

" နှစ်သက်ရဲ့လား ကိုယ်တော့်ကိုပြောပါအုန်း"

ငုံ့မိုးကြည့်နေတဲ့မျက်လုံးရွဲကြီးတွေကတကယ်လှတယ်။
လှပေမဲ့ လဲ ဆယ်ဟွန်းဟာရင်မခုန်...
ဘာလို့ဆို ဆယ်ဟွန်းဟာအဖြောင့်ကောင်။
ခွေးမြှီးကို ကျည်တောက်စွပ်ရင်တောင်မှကွေးချင်ကွေးလိမ့်မယ်...
ဆယ်ဟွန်းကတော့ ရေမရောတဲ့အဖြောင့်စစ်စစ်ပါလေ။

" ကြိုက်သလိုလုပ် ၊ အရှင်မင်းကြီးရဲ့ ကိုယ်လုပ်တော်တယောက်ပါ ချီးမြှင့်ရင်ပိုနှစ်သက်တယ်"

ချစ်ရည်ရွှန်းလဲ့နေတဲ့မျက်နှာကြီးဟာချက်ချင်းပဲမဲမှောင်သွားရကာ လှဲအိပ်နေတဲ့ဆယ်ဟွန်းကိုပုခုံးကနေဆွဲမလို့ထိုင်စေတော့တယ်။

"အဲ့စကားကိုထပ်ပြောကြည့်လိုက် ၊မင်း ငယ်ပါကိုဖြတ်ပစ်မယ်"

အိ ...
ဆယ်ဟွန်းဟာ ဒီစကားကိုကြောက်လွန်းလို့ ပေါင်ကြားထဲရှိအကောင်လေးပါကျုံ့သွားရတော့တယ်။

ဆယ်ဟွန်းဟာမျက်နှာလေးကိုငယ်ပြရင်းခေါင်းတဆတ်ဆတ်ငြိမ့်ပြမိတယ်။
ထိုအခါမှ ငလူးကောင်ရဲ့မျက်နှာဟာပြုံးရွှင်သွားရင်းပွေ့ဖက်လာတော့တယ်။

နှာဘူးကြင်ယာတော် (နှာဘူးကြင်ယာတော်)Where stories live. Discover now