1

7.2K 493 28
                                    

ခြူလုံးလေးတွေ တပ်ဆင်ထားသည့်ဝတ်ရုံစလေးဟာပြေးလိုက်တိုင်း တချွင်ချွင်အသံမြည်လို့။
ခိုးခိုးခစ်ခစ်ရယ်သံလေးဟာ နားဝင်ချိုလှသည်။

မကြာခင်မှာပင်ဖမ်းမိသွားတဲ့ဆယ်ဟွန်းလက်တံရှည်တွေကြားနတ်သမီးလေးရဲ့အသားစိုင်တို့ဟာနုနုအိအိ။

ဆယ်ဟွန်းမျက်လုံးကိုမှိတ်ချကာမျက်နှာလေးကိုငုံ့နမ်းရန်ပြင်လိုက်တော့...

" ဟွန်း..."

ဆိုသည့်အသံသည့်ယောက်ျားသံဩဩကြီးဟာနတ်သမီးလေးထံမှထွက်လာရသည်မို့ မျက်လုံးကပြာကယာဖွင့်ကြည့်မိသည်။

"အာာာားးးး"

အထီးကြီး...
ရင်ခွင်ထဲမှနတ်သမီးလေးမဟုတ်တော့ပါဘဲ  ယောက်ျားရင့်မာကြီးဖြစ်နေသည်မို့ ဆယ်ဟွန်းသွေးပျက်မတတ်အော်ဟစ်မိလိုက်မိသည်။

********************
သွေးပျက်ဖွယ်အိမ်မက်ကြီးမှလန့်နိုးလာသည့်နောက် အိပ်ယာထက်မှ ဆယ်ဟွန်းဟာ တစ်ကိုယ်လုံးချွေးတွေပင့်နစ်လို့။
အရေးထဲ
အမောက်ထောင်နေသည့်ဆယ်ဟွန်းကောင်ငယ်လေးကိုစိတ်တိုစွာ ရိုက်ပြစ်တော့ အောင့်သွားရတာမို့မျက်ရည်ကဝဲရပြန်သည်၊

ဘယ်နှယ့်ကြောင့်အထီးကြီးနှင့်ဟိုဒင်းဟိုဟာပြုတော့မည်ဟုအဘယ်ကြောင့် အိမ်မက်မက်ရပါသနည်း။

" သောက်ကျိုးနဲ"

မီးအိမ်ကိုမီးစာထပ်ဖြည့်လို့ဘေးတွင်ဖက်လက်စရုပ်ပြ စာအုပ်ကိုပြန်ကြည့်တော့မှ ရင်အေးသွားရသည်။

ကာတွန်းရုပ်ပုံလေးတွေဖြစ်ပေမဲ့ ရသမြောက်စွာဆွဲထားသည့်ဝတ်လစ်စလစ်အမျိုးသမီးလးတွေရဲ့ပေါက်စီလှလှလေးတွေ...
စိတ်အေးချမ်းလှပါဘိ။

********************
ကြေးမုံပြင်ထက်ပေါ်နေသည့် ကိုယ့်ရုပ်သွင်ကိုဆယ်ဟွန်းသဘောကျစွာကြည့်မိသည်။
မြစိမ်းရောင်ပိုးသားဝတ်ရုံဟာပနံရစွာ။

ဖခင်ဖြစ်သူထံမှဘတ်ထားသည့်ငွေစအချို့ကိုဝတ်ရုံလက်အောက်ထိုးထည့်လိုက်သည်။

ယနေ့အတွက်တော့အသစ်ထွက်သည့်ရုပ်ပြအချို့ကိုဝယ်ရန်နှင့် ၊ နတ်သမီးလေးတွေနှင့် ပျော်ပါးရန်ငွေအလုံအလောက်ရှိပြီမို့ ဝမ်းသာပီတိဂွမ်းဆီထိမိသည်။

နှာဘူးကြင်ယာတော် (နှာဘူးကြင်ယာတော်)Where stories live. Discover now