အဖေနဲ့ သဘောတူညီချက်တခုပြုလုပ်ပြီးတဲ့နောက် ဆယ်ဟွန်း ရထားလုံးပေါ်အသာတကြည်လိုက်ပါလာခဲ့သည်။
ကြင်ယာတော်အဖြစ်ရွေးချယ်မခံရလျှင် ဆယ်ဟွန်းဖြစ်ချင်တဲ့ ညစစ်ညမ်းရုပ်ပြ ရေးဆွဲသူတယောက် အဖြစ် အဖေက လက်ခံပေးလိမ့်မည်။
ထိုကတိတောင်းတုန်းက အဖေ့မှာမျက်နှာကြီးရဲလို့။မတတ်နိုင်...
ကိုယ်က ဒီဘက်မှာ ဝါသနာထုံသည်ကိုး...တကယ်တမ်းတော့ ဆယ်ဟွန်းက ဆွဲချင်တယ်လို့အမည်ခံသာရှိတာ ။တကြိမ်တခါမှပင်မရေးဆွဲဖူး..
ယုန်ပုံဆွဲလျှင်ခွေးဖြစ်သွားတတ်သည့် ဆယ်ဟွန်းရဲ့ပန်းချီလက်ရာကြောင့် ဖြစ်သည်။ဘာပဲ ဖြစ်ဖြစ်ပန်းချီသင်တန်းတက်လိုက်လျှင်တော့ သေချာပေါက် ဖြစ်လာနိုင်ပါသည်။
.
." ဝါးးး "
ဆယ်ဟွန်း နန်းတော်သို့တကြိမ်တခါမျှပင် မရောက်ဖူးခဲ့။
တကယ်တမ်းရောက်လာတော့လဲ နန်းဆောင်ကြီးများဟာ ခမ်းခမ်းနားနားမို့ ပါးစပ် အဟောင်းသားနှင့်ငေးနေမိတော့သည်။
လူရွေးပွဲက မနက်ဖန်မှစမည်မို့ဆယ်ဟွန်းအပါအဝင် ကြင်ယာတော်အဖြစ်ရွေးချယ်ခံရမည့်ယောက်ျားလေးအချို့ဟာ အဆောင်တခုရှေ့စုစုရုံးရုံး။
ဆယ်ဟွန်း ဘေးဘီကိုအကဲခတ်ကြည့်မိတော့ ယောက်ျား သားဟု မဆိုနိုင်လောက်အောင်နုဖတ်နေသည့်မျက်နှာနုနုငယ်ငယ်လေးတွေ။
ဆယ်ဟွန်းတယောက်သာအရပ်ကန်ကုလားနှင့် အားကောင်းမောင်းသန်ဖြစ်နေပါတော့သည်။ဆယ်ဟွန်းတို့ကို ဆယ်ယောက်တစ်တန်းစီ တန်းစီ ခိုင်းပြီးလူ စစ်တော့သည်၊
အားလုံးပေါင်းလူက ၅၈ ယောက်။
အကုန်လုံးဟာ သာမန်အရပ်သားများမဟုတ်ကြတာတော့သေချာသည်။
ရာထူးရာခံကြီးမားတဲ့ အိမ်အချို့မှ သခင်လေးတွေဖြစ်ကြောင်း ဝတ်ပုံစားပုံနှင့်ရုပ်ရည်ကိုကြည့်ခြင်းဖြင့်သိနိုင်ပါသည်။သစ်သားဖြင့်ထွင်းထားသည့် နံပါတ်ပြားလေးကို တခုစီလိုက်ပေးလေသည်။
ဆယ်ဟွန်းဆီရောက်လာတာက နံပါတ်၅။
ဆယ်ဟွန်းက နံပါတ်၅ကိုအမြဲနှစ်သက်ခဲ့ပေမဲ့ ထိုနံပါတ် ၅ရတိုင်း ဆယ်ဟွန်းက ဘူပိတ်ရသည်။
ခုတခါလဲ ဘူပိတ်ပြီး အရွေးမခံရပါစေနှင့် ကျိတ်ဆုတောင်းမိသည်။
YOU ARE READING
နှာဘူးကြင်ယာတော် (နှာဘူးကြင်ယာတော်)
Mystery / Thrillerနှာဘူးတယောက်ကိုချစ်မိတဲ့အခါ...