10

3.4K 489 38
                                    

ဆယ်ဟွန်း ဟာခုတလောအတော်လေးစိတ်ကြည်နေတယ်၊
အကြောင်းက
ငလူးမင်းကြီးဟာ ဟိုတညအပီးအထဲက ဆယ်ဟွန်းအိပ်ဆောင်ကိုမလာတော့တာ ၂ပတ်ကျော်နေပီမို့လို့။
ခါးနာလဲပျောက်သွားပီဖြစ်တဲ့ဆယ်ဟွန်းကညတိုင်းညတိုင်း ရုပ်ပြလေးတွေဖတ်လိုက် အငယ်တန်းအထိန်းတော်လေးတယောက်ကိုလက်ကျိတ်ထိုးငွေသိပ်ပီးခိုးဝယ်ခိုင်းထားတဲ့သေရည်လေးကိုသောက်လိုက်နှင့်တကယ့်ကိုအဟုတ်။
ခုရက်ပိုင်းကြင်ယာတော်ဂျွန်ရဲ့သင်ခန်းစာတွေကိုကောင်းကောင်းကြီးလဲလိုက်နေနိုင်တော့ဘဝကြီးက စိုပြေနေတယ်။

ယနေ့ တော့ ဓားရေးသင်ရတော့မှာမို့ အနဲငယ်တော့စိတ်လှုပ်ရှားနေတယ်၊
ဘာပဲဖြစ်ဖြစ် စာသင်နေရတာထက်စာရင်တော့ တော်သေးတာပဲမို့ အဆင်ပြေပြေပါပဲ။

" အဖေ!!!"

လေ့ကျင့်ရေးကွင်းဆီ အထိန်းတော်တသိုက်နဲ့သွားနေတဲ့ဆယ်ဟွန်းက တနေရာအရောက်အသံအကျယ်ကြီးနှင့်အော်ရင်းရပ်လိုက်မိတယ်။

အိခနဲဝိုင်းလာတဲ့မျက်ရည်တွေနှင့်အတူတုန်ယင်လာတဲ့နှုတ်ခမ်းတွေကခပ်မဲ့မဲ့၊
လက်နှစ်ဖက်ကိုဆန့်တန်းရင်း အဖေရှိရာဆီပြေးသွားမိတော့တယ်။
ကြက်ပေါက်စလေးဟာ ပျောက်သွားတဲ့ကြက်အမေကြီးကိုရှာတွေ့လိုက်ရသလိုခံစားချက်ကြောင့်ရင်ထဲလှိုက် ခနဲပဲ...
တဆက်ထဲမှာပဲ အဆော်ခံနေကြ အဖေ့ရဲ့တံမြက်စည်းရိုးကြီးကိုလဲလွမ်းလာတယ်။

" ကြင်ယာတော်လေး နေထိုင်ကောင်း...*အင့်*"

ဘေးတွင်လဲအမတ်ကြီးအချို့ရှိနေတာမို့ အိုအမတ်ကြီးဟာသားတော်မောင်ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ပေမဲ့ သားဖြစ်သူက ပြေးလာပြီးဖက်လိုက်တာမို့ အင့် ခနဲ သာ အသံပြုရင်းငြိမ်ကျသွားတယ်။

" အဖေတို့များ နေနိုင်လိုက်တာ၊ အဖေ့သားလေးက လူစိမ်းတွေကြားထဲ မျက်စိသူငယ်နားသူငယ်နဲ့၊
သားက အဖေမွေးထားတာရော ဟုတ်ရဲ့လားဗျာ၊တခါတောင်လာမတွေ့ကြဘူး၊ အမေဖောက်ပြန်ပြီးမွေးလာတဲ့သားမို့လို့အဖေကဒီလိုမျိုးဆက်ဆံနိုင်...အု "

သားဖြစ်သူရဲ့ပေါက်ပန်းလေးဆယ်ပါးစပ်ကိုပိတ်လို့ ဘေးက လူတွေနဲ့ဝေးရာဆီ ဆွဲခေါ်လာမိတယ်၊
သားဖြစ်သူက နှာရည်တွေပါကျအောင်ငိုနေတုန်းပဲ။

နှာဘူးကြင်ယာတော် (နှာဘူးကြင်ယာတော်)Where stories live. Discover now