12

3.9K 480 35
                                    

ဒီနေ့မနက်တော့ အထန်းတော်ကြီးရဲ့အော်နှိုးသံကျယ်ကျယ်မကြားရဘူး၊
အတော်လေးအိပ်ရေးဝပြီးသည့်နောက် ဆယ်ဟွန်း အိပ်ချင်မပြေ့တပြေနဲ့ပဲငုတ်တုပ်ထထိုင်လိုက်တယ်၊
ခါးပေါ်က စောင်ထူထူက ပေါင်ပေါ်လျှောခနဲပဲ။

"ဖင်နာလိုက်တာ"

ခါးစပ်မှ မှဆီးခုံတွေထိအောင့်နေတာက ဆိုးဆိုးဝါးဝါးပဲ။

ခုမှ ပဲ
ငယိုးမင်းကြီးဆိုတဲ့ နာမည်နဲ့လိုက်တော့တယ်

တကယ်ပဲည က မင်းကြီးကောင်က ဆယ်ဟွန်းကို...

ငလူးကောာင်ရဲ့ အရွယ်အစားက နောက်စရာမဟုတ်၊
အိပ်ယာပေါ်ကကွက်နေတဲ့ သွေးစသွေးနတွေကသက်သေပဲ၊

ဝမ်းဗိုက်ပြင် အောက်နားကို လက်ဖဝါးလေးနဲ့ခပ်ဖွဖွဖိလို့ အနီးရှိ တွေ့ကရာ ဝတ်ရုံကိုလွှားကာ အိပ်ဆောင်အအနောက်ဘက် က အသင့်စောင့်နေတဲ့ အထိန်းတော်တွေခေါ်ရာနောက်ခပ်ဖြည်းဖြည်းလိုက်လာခဲ့ရတယ်၊

ငလူးမင်းကြီးရဲ့သီးသန့်ရေချိုးဆောင်ရှိရေပူစမ်းနွေးနွေးနဲ့ချိုးလိုက်ရတာမို့အနဲငယ်တော့သက်သာသလိုလိုပါပဲ။

" ကြင်ယာတော်လေး ဒီနေ့ အတွက်တနေ့လုံးနားနေဖို့ ကြင်ယာတော်ဂျွန်ရဲ့ အတန်းကိုရော လက်ရုံးရေးသင်ကြားရေးကိုပါ ခွင့်တိုင်ထားပေးပါတယ်။

" ဘယ်သူတိုင်ပေးထားတာလဲ အထိန်းတော်ကြီးကလား"

" မဟုတ်ပါဘူး၊အရှင်မင်းကြီးကိုယ်တိုင်ခွင့်ပန်ပေးထားတာပါ"

ဆယ်ဟွန်းက ငိုချင်ရက်လက်တို့ဆိုသလိုပဲ ခုမှ မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာရတော့တယ်။

" ဟုတ်တာပေါ့ တိုင်ပေးရမှာပေါ့ ဒင်းလုပ်လို့လေ ၊ ဒင်းကြောင့်ပဲ အတန်းပျက်ရတာ"

အရင်ရက်တွေကတော့အတန်းတက်ရန်မနဲ ဖင်တွန်းရတဲ့ ကြင်ယာတော်လေးကခုမှငိုကြီးချက်မနဲ့ နှမြောတသ ဖြစ်နေတော့ အထိန်းတော်တွေကနားမည်နိုင်ဘူး။
ကြင်ယာတော်လေး နေမကောင်းလို့နေမှာပါလို့ပဲဖြည့်တွေးလိုက်တော့တယ်။

....
ဆယ်ဟွန်းက အဆောင်ပြန်ရောက်တော့လဲ မောက်ခုံလေး။
ညက ယောက်ျားတယောက်အောက် အရှက်မရှိသာယာခဲ့တဲ့အကြောင်းတစိမ့်စိမ့်တွေးလေဝမ်းနဲလေပဲမို့ လက်ခုံလေးကိုက်ပြီး အံကြိတ်ငိုနေမိတယ်။

နှာဘူးကြင်ယာတော် (နှာဘူးကြင်ယာတော်)Where stories live. Discover now