ဆယ်ဟွန်းတကိုယ်လုံးနာနာကျင်ကျင်နဲ့ ညည်းညူရင်းသတိပြန်လည်လာတယ်၊
မိုးတော့စုန်းစုန်းမချုပ်ပေမဲ့မှောင်ရိပ်သန်းနေပြီဖြစ်တဲ့ပတ်ဝန်းကျင်ကြောင့်ကြောက်စိတ်ရယ်ဝမ်းနည်းမှုရယ်ကလှိုက်ခနဲ။ကယ်ပါ ယူပါတစာစာအော်နေပေမဲ့ရေငတ်လာတာသာအဖတ်တင်တဲ့ဆယ်ဟွန်းက ဒူးလေးကျုံ့လို့တွင်းရဲ့အောက်ခြေတနေတရာမှာကျုံ့ကျုံ့လေးထိုင်ရင်း တအီအီငိုနေမိတော့တယ်....
ဒီလိုနဲ့ပဲသေရတော့မယ်ထင်ပါရဲ့...
..
သတ်မှတ်ချိန်၃နာရီမပြည့်ခင်မှာပဲ ကိုယ်လုပ်တော်ယွီဟာ ဒရယ်တကောင်နှင့်အတူ မြင်းကိုဒုန်းဆိုင်းစီးလို့ပြန်ရောက်လာတော့တယ်...အကုန်လုံးကချီးကျူးထောပနာပြုနေပေမဲ့ သတ်မှတ်ချိန်ကျော်သည်အထိ ပြန်မလာတဲ့ နှာဘူးကောင်လေးကြောင့်ချန်ယောလ်မှာစိုးရိမ်စပြုလာသည်။
ဒီကောင်လေး ဘာအရည်အချင်းမှမရှိမှန်းသိရက်နှင့်တယောက်ထဲလွှတ်လိုက်မိတဲ့ကိုယ့်ကိုကိုသာအပြစ်တင်မိတယ်။
ကိုယ်လုပ်တော်ယွီနှင့်အဖွဲ့သားတွေကတော့ ဒရယ်သေကိုကင်ဖို့အတွက်ပြင်ဆင်နေရင်းရယ်ရယ်မောမောနှင့်..." အရှင်မင်းကြီး...ကြင်ယာတော်ဟွန်းရဲ့မြင်းပြန်ရောက်လာပါတယ်"
"မြင်းပဲလား လူကရော..."
လျှောက်တင်လာတဲ့တပ်မှုးငယ်ဟာချန်ယောလ်အမေးကြောင့်တွန့်ဆုတ်သွားရင်း လူပါမလာကြောင်းလျှောက်တော့တယ်...
" ငါကိုယ်တိုင်လိုက်ရှာမယ် ကိုယ်ရံတော်အဖွဲ့ပါအသင့်ပြင်ထား"
ချန်ယောလ် ရင်တွေပူနေတယ်၊
ဒီကောင်စုတ်လေးကိုဆုံးရှုံးရရင်ဆိုတဲ့အသိက ချက်ချင်းပဲမြင်းကိုအသင့်ပြင်လို့ ထွက်ခွာတော့တယ်။...
မိုးစုန်းစုန်းချုပ်သွားပီ...
ကယ်သူမဲ့တဲ့ဆယ်ဟွန်းဟာ ထိုတွင်းနက်ကြီးထဲမှာအေးစက်နေတဲ့ညကိုအဖော်ပြုရင်းမြေသားမာမာထက် ကွေးကွေးလေးလဲလျောင်းနေမိသည်။ညအိပ်ရင်တောင်မီးထွန်းအိပ်တတ်တဲ့ဆယ်ဟွန်းဟာသရဲလဲတအားကြောက်နေပါတယ်...
YOU ARE READING
နှာဘူးကြင်ယာတော် (နှာဘူးကြင်ယာတော်)
Mystery / Thrillerနှာဘူးတယောက်ကိုချစ်မိတဲ့အခါ...