19

3.7K 521 83
                                    

ဆယ်ဟွန်းကဂေဟာက ပြန်လာပြီးထဲကတမှိုင်မှိုင်တတွေတွေနဲ့။

ယူကျုံးမရတဲ့စိတ်ကတကြောင်း...
ငလူးကောင်ကိုလွမ်းသလိုလို လို လို ဖြစ်နေတာကတကြောင်းနဲ့...

အထုတ်ပြင်ပီးနန်းတော်ပြန်ဖို့ကလဲ စောင်ရှက်ကွဲရချည်နဲ့...
ကိုယ့်ကိုမောင်းထုတ်ထားသူဆီပြန်ရမှာကနဲနဲတော့မာနထိခိုက်တယ်။

ဆယ်ဟွန်းကလူဆိုးလေးဖြစ်တယ်၊
ငလူးကောင်ကိုလွမ်းနေမိတယ်ဆိုတာကိုတော့သေတာတောင်ဝန်မခံဘူး။
ဟုတယ် ဆယ်ဟွန်းက အဲ့လိုအမှန်တရားကိုဖင်ပိတ်ငြင်းမဲ့ လူဆိုးကောင်လေးပဲ...
ဘာဖြစ်သေးလဲ၊
ကိုယ်မှဝန်မခံရင် ဘယ်သူမှသိမှာမှ မဟုတ်ပဲ။

...
"ကြင်ယာတော်လေးနေထိုင်မကောင်းပါဘူးလား၊ အရှင်မင်းကြီးနဲ့နန်းတော်ကိုလွမ်းနေပီလား"

"ကောင်းပါ့...အရှင်နဲ့ဝေးတော့အပျော်လွန်ပြီးအိပ်ပျော်စားဝင်နေတာ အထိန်းတော်ကြီးက မမြင်တာလား"

ညိုမဲနေတဲ့မျက်တွင်းဟောက်ပတ်နဲ့ဆယ်ဟွန်းကပိတ်ဟောက်ပစ်တယ်။

သဝါး
ဖင်ပိတ်ငြင်းမှာပဲ။

မမက်မွန်သီးအချိုခြောက်လေးကိုစိတ်မပါလက်မပါဝါးနေရင်း အိပ်ဆောင်အပြင်ကိုအကြောင်းမဲ့ငေးမောနေမိတယ်။

ခုဆိုငလူးကောင်ကပျော်နေလောက်ပြီပေါ့...
ဆယ်ဟွန်းမရှိလို့မျက်စိနောက်သက်သာနေလောက်မှာပေါ့...

ဆယ်ဟွန်းဟာအရင်တုန်းကကိုယ့်ကိုကိုအချစ်ဆုံးပဲ
ကိုယ့်အတွက်ပဲကိုယ့်ကြည့်ပြီးပျော်အောင်ပဲနေနေခဲ့တာ...
ကိုယ့်ထမင်းကိုယ်စားပြီးသူများသားသမီးချစ်ရတဲ့သောက်အလုပရှုပ်ဆုံးအလုပ်ကိုမလုပ်။
ဘယ်တုန်းကမှ...

ခဏ ...
အချစ်လို့ပြောလိုက်မိတာလား?

အတွေးနဲ့အတူ ငလူးကောင်ရဲ့အပြုံးလှလှကြီးကမျက်လုံးထဲပေါ်လာတယ်...
အရည်လဲ့လဲ့မျက်လုံးဝိုင်းကြီးတွေကလဲ အပိုဆောင်းအနေနဲ့...

ကျစ်...
မဟုတ်သေး...
ဆယ်ဟွန်းက ဒီ ကောင်ကိုမချစ်ပါဘူး...
လွမ်းတယ်ဆိုတာလဲ အထိအတွေ့ကိုနေမှာပါလေ...

နှာဘူးကြင်ယာတော် (နှာဘူးကြင်ယာတော်)Where stories live. Discover now