အပျိုတော်အဆောင်သွားချောင်းခဲ့တဲ့အမှုဟာ တိုးတိုးတိတ်တိတ်နဲ့ပဲ လမ်းမှားလာတဲ့ကြင်ယာတော်လေး ဇာတ်ထုပ်အဖြစ်နဲ့ပြီးဆုံးသွားတယ်၊
ဒါပေမဲ့...
အကြောင်းသိနေတဲ့ငလူးကောင်ဟာသူ့အိပ်ဆောင်ရှေ့ ၂ညတိုင်တိုင် ဒူးထောက်အပြစ်ပေးစေတယ်။" ငလူးမသားကြီး ...ငလူး ငလူး...လိ
လိ ပဲ နောက်တခါများ ဒင်းအောက်မှာ သာယာနေမိရင် လျှာကိုက်သေပစ်မယ်၊ နောက်တစ်ခါဆိုတာလုံးဝ ပဲ၊ သူ့ခေတ်ပဲ လုပ်ထားအုန်း၊ အိပ်နေရင်းနဲ့ တံတွေးသီး သေပါစေ၊ အဆိပ်မိပါစေ၊ ဘဝဆက်တိုင်း ဘောမပါတဲ့ ယောက်ျားအဖြစ်မွေးလာပါစေ၊ မဒိန်းကျင့်ခံရပြီးသေပါစေ"" ကြင်ယာတော်လေးအချိန်ကျပါပြီ"
ဆယ်ဟွန်း မျက်ရည်တောင်ဝဲတော့မလိုဖြစ်သွားရတယ်၊
ညအိပ်ဝတ်ရုံ ပါးပါးလေးနဲ့ပဲ သနားကမားရုပ်လေးလုပ်ပြီး အိပ်ဆောင်အပြင်ကိုထွက်လာမိတယ်။" အထိန်းတော်ကြီး ကျွန်တော်မှာတာလေးတော့ပါလာတယ်မဟုတ်လား "
ညဘက်အိပ်မပျော်ရင်ဗိုက်ထထ ဆာတတ်တဲ့အကျင့်ကြောင့် အပြစ်ပေးခံရမဲ့ တညလုံးအတွက် အထိန်းတော်ကြီးကို ပေါက်စီလေးတွေမှာထားမိတယ်၊
လက်ထဲ ရောက်လာတဲ့ပဲနီပေါက်စီ ပူပူနွေးနွေးလေးတွေကို စက္ကူဖတ်နဲ့သေချာထုပ်လို့ ဝတ်ရုံ ထဲ ထိုးထည့်ပြီး အထိန်းတော်ကြီးနောက်ကနေ အပြစ်ပေးခံ ရမဲ့နေရာဆီလိုက်လာမိတယ်။
ဒင်းရဲ့နန်းဆောင်ရှေ့ အကျအန ခင်းထားတဲ့ ကောဇောပေါ် မကျေမနပ်နဲ့ပဲ ဒူးထောက်ရင်း အပြစ်ခံယူရတော့တယ်။
" ဒင်းကြ စောင်ထူထူကြးအောက်မှာ ကောင်းကောင်းသေနေလိုက်"
ဘေးကအထိန်းတော်ကြီးတွေမကြားအောင်ကျိန်ဆဲပစ်မိတာအထပ်ထပ်အခါခါပဲ။
ညဝတ်အိပ်ရုံ အပါးလေးကြောင့် ဆောင်းလေပါတဲ့ လေအေးအေးဟာ ပုခုံးတွေပါကျုံ့လာရတဲ့အထိပဲ၊
ညလယ်ထိ မအိပ်ငိုက်အောင် အေးသွားပြီဖြစ်တဲ့ပေါက်စီလေးတွေထုတ်ထုတ်စားပေမဲ့ မုန့်ကုန်သွားတော့ ဗိုက်လေးပြီးငိုက်ချင်လာသည်။
YOU ARE READING
နှာဘူးကြင်ယာတော် (နှာဘူးကြင်ယာတော်)
Mystery / Thrillerနှာဘူးတယောက်ကိုချစ်မိတဲ့အခါ...