4

3.6K 468 16
                                    

၁၀ ယောက်သာ ကျန်တော့သော ဆန်ကာတင်ရွေးချယ်မှုကြီးအပြီး သင်ကြားမှုများမစတင်မီ ဆယ်ဟွန်းတို့ကို တရက် အိမ်ပြန်ခွင့်ပေးသည်။

ဆယ်ဟွန်းတို့ကတော့ ဘယ်ပြောကောင်းမလဲ
မနက်မျက်လုံး၂လုံးပွင့်ထဲက ပြင်ဆင်ကာ အိမ်ပြန်ဖို့အသင့်ဖြစ်နေပြီ၊

ခုပြန်ရောက်ရောင်ခြင်းစာအုပ်ဆိုင်သွားမယ်
ညကြ ရင်ဆောင်ကြာမြိုင်သွားမယ်...

ကိုယ့်အတွေးနဲ့ကိုယ်က,ဟုတ်နေတာပဲမို့ ပြုံးလိုက်မိသည်။

"အကို "

ဝတ်ရုံလက်စ ကိုခပ်တင်းဆင်းဆွဲလာမှုနှင့်အတူ မတိုမကျယ် ခေါ်သံလေးကြောင့်ဆယ်ဟွန်းအတွေးစတို့ပြတ်သွားရသည်။

"ဂျုံအင် အကို့ကိုပြောစရာရှိလို့လား"

ခေါင်းငုံ့ကာရပ်နေသည့်ဂျုံအင်က လက်ဖျားအချင်းချင်းပွတ်ချေလို့...

" ဟို...ကျွန်တော် ခု အကိုနဲ့အတူလိုက်လို့ရမလား "

" ငါနဲ့ ဘာလုပ်ဖို့တုန်း"
ဆယ်ဟွန်းမျက်လုံးမျက်ဆန်ပင်ပြူးမိသွားရသည်။
ဂျုံအင်လိုက်ရင် ဆယ်ဟွန်းအဖို့ကလေးထိန်းရတော့မှာ။

" ဂျုံအင် အိမ်မပြန်ချင်လို့ ပါ
အကိုဆယ်ဟွန်းအိမ်ကိုခေါ်သွားပေးပါလားဟင်"

ပထွေးနဲ့နေရသည်ဟူသောကလေးအဖို့အိမ်မပြန်ချင်သည်မှာ သဘာဝတော့ကျသည်။

မျက်ရည်တွေပင်ဝဲနေသည့် ဂျုံအင်ကြောင့် ဆယ်ဟွန်းစိတ်ရှုပ်ရှုပ်နဲ့ပင်ခေါ်လာခဲ့ရတော့သည်။

နောင်လာနောင်ခါဈေးပေါ့...
ကိုယ့်အစီအစဉ်တေ့လဲအပျက်ခံလို့မဖြစ်...

************
သိပ်ကိုသဘောကောင်းနေသည့်ဆယ်ဟွန်းအဖေဟာ အိမ်အလည်ပြန်လာမှုအပေါ် လှိုက်လှိုက်လှဲလှဲကြိုဆိုသည့်အပြင် ချိုချိုသာသာစကားတွေပင်ဆိုလို့။
အမေကလဲ ဆယ်ဟွန်းကြိုက်သည့်ဟင်းများချက်ထားရင်း အမောပြေစေသည်။

"ငါ့အခန်းလေး "

ဂျုံအင့်ကိုပအမေတို့လက်ထဲထားခဲ့ပြီး ဆယ်ဟွန်း အခန်းအောင်းနေမိတာ နေ့လည်အထိ။

ဖတ်ပြီးသားရုပ်ပြစာအုပ်အဟောင်းတွေဖတ်လိုက် စပျစ်သီးခြောက်လေးဝါးလိုက်နှင့်တကယ့်ကိုအဆင်ပြေနေတော့တာ။

နှာဘူးကြင်ယာတော် (နှာဘူးကြင်ယာတော်)Where stories live. Discover now