ရိပေါ်တျောက် အပျော်ကြီးပျော်ကာအိမ်သို့ ပြန်ခဲ့တော့သည်။
ခါတိုင်းလိုဘဲ ရိပေါ်မား ကအိမ်ပေါက်ဝကနေ သားကိုမျှော်နေတော့သည်။
ရိပေါ် အိမ်ပေါက်ဝကို ခါတိုင်းလို မျက်နာအနေအထားနဲ့ မဟုတ်ဘဲ ခြေလှမ်းများတက်ကြွနေပီး မျက်နှာကလည်း ထ်ီပေါက်သလို ပြုံးရွှင်နေတော့သည်။
ထို့ကြောင့် ရိပေါ်မားက ရိပေါ်ကိုကျိပီး
"...အဲ..ငါ့သားဒီနေ့ ဘာတွေများတွေ့ကြုံခဲ့ရလို့တုန်း.."
"မသိရင် ငါ့သားအရူးကျနေတာဘဲ"
"တျောက်တည်းပြုံးလို့ ပျော်လို့"
မားက ရိပေါ်ကိုပြောလိုက်သောကြောင့်
"..ဟုတယ်..မားရေ"
"ကျနော်.. ကျနော်.တကယ်ရူးမတတ်ဘဲ"
ရိပေါ်မားကို မားကိုအနောက်ကနေဖက်ထားပီး ပြောလိုက်သည်။ ထို့နောက် မားက လူကြီးဆိုတော့ ကလေးသဘာဝကိုသိနေသည်။ထို့ကြောင့်
"...ဘာလဲ..ငါ့သား.."
"မင်း ကောင်မလေးရနေတာတော့မဟုတ်ပါဘူးနော်.."
"..ပြောစမ်း! "
မားကိုခပ်တည်တည်နဲ့ မေးလာသောကြောင့် ရိပေါ်တျောက်မားကို
"..အာ....မားကလည်း.."
"ဘယ်ကလာ..ကောင်မလေးရှိရမာတုန်း"
"သား ကျောင်းကမိန်းကလေးတွေကိုတျောက်မှ သားသဘောမကျပါဘူး"
"စိတ်လဲမဝင်စားဘူး"
ရိပေါ်ထိုသို့ ပြန်ပြောလာသောကြောင့် မားကလည်း
"...ဟုတ်ပါပီကွယ်.. "
"အခု ငါ့သားက တက္ကသိုလ်ကျောင်းသားတောင် ဖြစ်နေပီဘဲ"
"အကယ်လို့များ ကောင်မလေးရှိခဲ့ရင်တောင် ပညာရေးနဲ့ အချစ်ရေးကို ကောင်းကောင်းခွဲခြား တတ်ပါစေနော်"
"မားက သားကိုပညာတတ်ဖြစ်အောင်လုပ်ပေးပီးပီလေ"
"အဲ့တော့ သားဦးနှောက်နဲ့သားသေချာစဉ်းစားပေါ့"
မားကရိပေါ်ကို တည်တည်ငြိမ်ငြိမ်နဲ့သာပြောလိုက်တော့သည်။ထို့နောက်