ကျောင်းသားများအားလုံးလည်း ကိုယ့်အတန်းကိုပြန်ခဲ့ကြတော့သည်။
ရိပေါ်တျောက် သူ့ရဲ့နတ်သားလေးက TUကိုပြောင်းလာလို့ ပျော်နေတုန်းလေးရှိသေးခါစ နောက်တော့ သူ့နတ်သားလေးက သူ့ကိုအမြင်မကြည်တဲ့ ကျောင်းအုပ် ရှောင်ယူချန် သားဖြစ်နေတော့ စိတ်ထဲဝမ်းသာသလို ဝမ်းနည်းသလိုဖြစ်နေသည်။
ရိပေါ်တို့ အတန်းထဲဝင်ကာ မိမိထိုင်ခုံစီသို့ ဝင်ထိုင်လိုက်ကြသည်။ ထိုစဉ် ကျန်းချန် က ရိပေါ်ကို
"...ယျောင့် မင်းနတ်သားက ငါတို့အတန်းထဲတော့ သူပါးကထားမယ်ထင်ဘူးကွ.."
"..ဟို..ဝူကျွင်းတို့စာတော်တဲ့အုပ်စုထားတဲ့အခန်း (VIP)အတန်းမာ ထားတယ်ရှိမာ.."
(ဒုတိယနှစ်ချင်းတူသော်ငြားလည်း စာတော်သည့်ကျောင်းသားများကို သပ်သပ်ခွဲထုတ်ပီး VIPအတန်း တွင် ထားလေ့ရှိသည်။)
ကျန်းချန်စကားကို ဝမ်နင်က ဝင်ပီးတော့
"...အေး...မင်းပြောတာဟုတ်လောက်တယ်.."
"ဒါနက်...ရိပေါ် မင်းကော ဘာဆက်လုပ်မာ.."
ဝမ်နင်တျောက် ရိပေါ်ကို လှမ်းမေးလိုက်သောကြောင့် ရိပေါ်က
"....ဟူးးး... "
"ငါလည်းမသိတော့ပါဘူးကွာ"
"ငါသူ့ကို ကြိုက်တယ်လို့ဘဲ ထားဦးကွာ"
"ဒါမဲ့ သူက ရည်းစားရှိပီးသားဆိုရင် ကော"
"ပီးတော့ သူနဲ့တူတူပါလာတဲ့ သူ့သူငယ်ချင်း ဝမ်ချန်ဆိုလား ဝမ်ချင်ဆိုလား အက်တျောက်နဲ့လည်း ငါ..ငါ..သိပ်မယုံရဲဘူးကွ"
ရိပေါ်တျောက် စိတ်ညစ်ညစ်နဲ့ ကျန်းချန်တို့ကို ပြောလိုက်သည်။ ထိုစဉ် စစ်ကျွေးက
"...ဟာ....ရိပေါ်..မင်းကတော့ကွာ"
"စစ်မရောက်ခင်မြှားကုန်နေပီလားကွာ"
"လုပ်တောင် မလုပ်ကျိသေးတဲ့အရာတခုကို မလုပ်ခင်ကတည်းက စပီး လက်လျှော့နေပီလား"
စစ်ကျွေး ပြောရင်းဆိုရင်းနက် ရိပေါ်ပခုံးနဖက်ကို ကိုင်ပီး ရိပေါ်မျက်နှာတည့်တည့်ကြည့်ကာ