ရှန်ဟိုင်းကမ်းခြေကနေ ပြန်ထွက်လာခဲ့တဲ့ လေ့လာရေးကား တဖြည်းဖြည်း နဲ့ ဘေကျင်းမြို့သို့ပြန်ဝင်လာခဲ့ပီဖြစ်သည်။
လေ့လာရေးကားတွေအကုန်လုံး ကျောင်းဝန်းထဲမာဘဲ အကုန်ရပ်ကြသည်။ကျောင်းသားတွေအကုန်လူံးလည်း ကားပေါ်ဆင်းပီး ကျောင်းကနေဘဲ အိမ်ကို ကိုယ့်ဘာသာပြန်ကြတော့သည်။
ဝမ်ချင်တော့ ခရီးတအားပန်းနေတာကြောင့် ရှောင်ကျန်းနဲ့ Taxiငှါးပီး အိမ်ပြန်မယ်ပြောသော်လည်း ရှောင်ကျန်းက မလိုက်ချင်ဘူးပြောလို့ သူမအိမ်အရင်ပြန်နှင့်လိုက်တော့သည်။
ရှောင်ကျန်း လည်း အိမ်ကိုphမဆက်ချင်တာနဲ့ ခရီးဆောင်အိတ်ကိုလက်မာဆွဲပီး လမ်းလျှောက်ပြန်တော့သည်။
ထိုစဉ် ရိပေါ်လည်း အိမ်ကိုအရင်ပြန်ဘဲ ရှောင်ကျန်း နောက်ပြေးလိုက်လာတော့သည်။
"...ခလေး...."
"....ကို ပြန်ပို့ကူမယ်...ခလေးအိမ်ကို.."
ရိပေါ်လိုက်ပို့မယ်ပြောသောကြောင့် ရှောင်ကျန်း သူ့ကို ပါးစပ်အဟောင်းသားနဲ့ ငေးကျိနေမိတော့သည်။
"....အိုက်ယားးး.... "
"...ကို ပြန်ပို့တာအရေးမကြီးဘူး..."
"...အိမ်က ပါပါးတို့မြင်ရင် ဘယ်လိုလုပ်မလဲ "
"....တော်ပီ...ကိုယ့်ဘာသာကိုယ်ဘဲ ပြန်တော့မယ်.."
"..ကို လည်းပြန်တော့.."
ရှောင်ကျန်း ရိပေါ်ကို ထိုသို့ပြောလာသောကြောင့် ရိပေါ်က
"...အာ..ခလေးကလည်း.."
"...လည်မလိုလိုနဲ့. တုံးပြန်ပီ.."
"...ကို ပြန်ပို့မယ်ဆိုလည်း ဘယ်လိုလို့အိမ်ရှေ့ထိပို့မာတုန်း..."
"...ကို ခလေးတို့အိမ်မရောက်ခင် တဝက်ထိပို့မာပေါ့..."
"....အိမ်ထိလိုက်ပို့ရင် ဘိုးတော်ကြီး မြင်နေမာပေါ့..."
ရိပေါ် ရှောင်ကျန်း ပါးကို စကားတမျိုးနဲ့ပြောလာသောကြောင့် ရှောင်ကျန်း ရိပေါ်လက်ကလေး ဖတ်ကနဲ ရိုက်လိုက်သည်။
"....ဖျန်း..!!.."
"...ဘာ ဘိုးတော်ကြီး လဲ...သူများအဖေကို.."