ရှောင်ကျန်း ပါးနဲ့မားကိုphပြောပီးတာနဲ့ လိုအပ်တာတွေသိမ်းကာ အိပ်ယာဝင်ခဲ့တော့သည်။
.......................................................
မနက်ခင်းတခုမှ နေလုံးကြီးထွက်ပေါ်လာခဲ့တော့သည်။ထိုစဉ် ရိပေါ်မှာလည်းအိပ်ယာမှ မထချင်ထချင်နဲ့ ထလာခဲ့တော့သည်။
မျက်လုံးမပွင့်မပွင့်နဲ့ ပြတင်းပေါက်ဘက်လှမ်းက်ျိလိုက်သည်။
"....ဟူးးး "
"လှလိုက်တဲ့ မြင်ကွင်းလေး"
အပြင်ဘက်တွင် နေလူံးကြီးစတင်ထွက်ပေါ်လာပီး ငှက်ကလေးများက လည်းဟိုဟိုဒီဒီပျံဝဲနေသည်ကို ရိပေါ်ကကျိပီးပြောခြင်းဖြစ်သည်။
ရိပေါ်ကျိပီးတာနဲ့ ရေချိုးခန်းထဲသို့ ဝင်ပီးမျက်နှာသစ်ရေမိုးချိုးခဲ့သည်။ထို့နောက် ကျောင်းဝတ်စုံကို ဝတ်ပီးလွယ်အိတ်ကိုယူကာ အောက်ထပ်သို့ဆင်းခဲ့သည်။
အောက်ထပ်သို့ရောက်သည်နှင့် ထမင်းစားပွဲပေါ်တွင် ထုံးစံအတိုင်း မားပြင်ပေးထားသော မနက်စာနှင့် စာလေးတစောင် ကို တွေ့လိုက်တော့သည်။
ရိပေါ်မနက်စာကို စားပီးကျောင်းသို့ထွက်လာခဲ့သည်။
လမ်းမှာလည်း တလမ်းလုံးသေချာစဉ်းစားလာခဲ့သည်။"...ငါ..ကျောင်းထွက်စာတင်လိုက်ရင်ကောင်းမလား.."
"ငါကျောင်းမာ ဆက်နေရင်လည်း ငါ့ပုံစံနဲ့ ကျောင်းပြဿနာဖြစ်တိုင်း ဝင်ပါမိနေမာဘဲ"
"ဝင်ပါမိရင်လည်း ကျောင်းအုပ်ကငါ့ကိုထုတ်မာဘဲ"
"....ဟူးးး... "
ရိပေါ်တျောက် ခြေလှမ်းကိုလေးလံစွာ တဖြည်းဖြည်း လျှောက်ရင်းတလမ်းလုံးလည်း စဉ်းစားလာခဲ့သည်။
"...ငါ...ငါ..ထွက်တော့မယ်ကွာ.."
".မားလည်း ငါ့ကိုစိတ်ဆိုးရင်လည်း တရက် ၂ရက်ပေါ့ကွာ.."
ရိပေါ်ဆုံးဖြတ်ချက်ကို အပိုင်အနိုင်ချပီး ကျောင်းတံခါးဝသို့ဝင်လာခဲ့သည်။ထိုအခါ ရိပေါ်နောက်ကနေ ဝမ်နင်ပြေးလာပီး ရိပေါ်ပခုံးကိုလှမ်းပီးခုန်ဖက်လိုက်သည်။
".....ယျောင့်...ရိပေါ်.. "
"မင်းမနေ့က ကျောင်းအုပ်နဲ့သွားတွေ့တာ ဘယ်လိုလဲ "