part(12)

2.3K 96 1
                                    

နံနက်ခင်းရဲ့ နွေးထွေးလွန်းလှတဲ့နေရောင်ခြည်က တောင်ကုန်းနောက်ကနေတဖြည်းဖြည်း မြင့်တက်လာတော့သည်။

ရိပေါ်တျောက် နေရောင်ခြည်ကသူ့မျက်လုံးပေါ်လာစူးနေတာနဲ့ မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကျိလိုက်သည်။

ထို့နောက် သူ့ညာဘက်လက်ကလေးနေသလိုခံစားရတာနဲ့ ကျိလိုက်တော့ သူ့ညာဘက်လက်ပေါ်မာ မှီပီး ရင်ခွင်ထဲတိုးဝင်ကာ အိပ်မောကျနေတဲ့ ယုန်ပေါက်လေးကိုတွေ့လိုက်သည်။

ရိပေါ် ရှောင်ကျန်းဘက်ခေါင်းလေးစောင်းပီး သေချာလေးငေးကျိနေမိသည်။လက်ကလည်း ရှောင်ကျန်း ဆံပင်လေးကိုသပ်ရင်း.........

ခနလောက်ကြာတော့ ရှောင်ကျန်း တျောက် ဖြည်းဖြည်းချင်း မျက်လူံးလေးပွင့်လာသည်။ရှောင်ကျန်းမျက်လုံးပွင့်တော့ သူ့ကိုအတိုင်းသားလေးငေးကျိနေတဲ့ ရိပေါ်ကိုမြင်တော့  ကမန်းကတန်း ထပစ်လိုက်သည်။

မတ်တပ်ထရပ်လိုက်ပီး ဘေးနားမာ ပြန့်ကျဲနေတဲ့ဘောင်းဘီနဲ့အကျီင်္ီကိုမြင်တော့ မျက်လုံးအပြူးသားနဲ့ သူ့ကိုယ်သူပြန်ကျိမိလိုက်သည်။

ညတုန်းက အဖြစ်အပျက်ကိုပြန်သတိရပီး ကမန်းကတန်း အဝတ်ကိုယူကာ အိမ်အနောက်ဘက်ကိုပြေးသွားလိုက်သည်။

ရိပေါ်ကတော့ ပြေးထွက်သွားတဲ့ ရှောင်ကျန်းကိုကျိပီး ခပ်သဲ့သဲ့ရယ်ရင်းနဲ့ အဝတ်တွေကောက်ဝတ်လိုက်တော့သည်။

ခနလေးနေတော့ ရှောင်ကျန်းအဝတ်အစားဝတ်ပီး အိမ်အနောက်ကနေပြန်ထွက်လာပီး ခေါင်းလေးငုံ့ကာ ရှက်နေတော့သည်။

ရှောင်ကျန်း ရှကိနေတာမြင်တော့ ရိပေါ်တျောက် ရှောင်ကျန်းအနားသွားပီး ရှောင်ကျန်း ရှေ့တည့်တည့်ရပ်ရင်း လက်နဖက်ကလည်း ရှောင်ကျန်းပခုံးကိုကိုင်ကာ.....

"...ရှောင်ကျန်း.. လောင်ဝမ်..မနေ့က ကိစ္စအတွက် တောင်းပန်ပါတယ်နော်.."

"ပီးတော့လေ..အက်လိုဖြစ်သွားရတာကလည်း ရှောင်ကျန်း ကိုအဆုံးရှူံးမခံနိုင်လို့ပါ..."

"ဟို....ဟိုလေ..ကျနော်ရှောင်ကျန်းကို ချစ်...ချစ်တယ်"

"ရှောင်ကျန်းကော ကျနော့်ကို ချစ်...ချစ် လားဟင်"

🍂Beauty Summer🍂(completed) Where stories live. Discover now