ကျန်းချန် တို့လည်းရိပေါ်ပျောက်နေတာကြောင့် ဟိုတယ်ဘေးဘက်ကော ကမ်းခြေဘက်ကော ဝိုင်းရှာနေကြတော့သည်။
ဝမ်ချင်လည်း ရှောင်ကျန်း ပျောက်နေသောကြောင့် လိုက်ပတ်ရှာနေတော့သည်။ဝမ်ချင်တျောက် ရှာရင်းနဲ့ ကျန်းချန် တို့ဘေးကို အလိုလိုရောက်သွားတော့သည်။
ကျန်းချန် လည်းနဂိုကတည်းက ဝမ်ချင်ကိုစိတ်ဝင်စားတာကြောင့် စစ်ကျွေးတို့ကို မျက်စပစ်ပြပီး အရိပ်အကဲပြလိုက်သည်။စစ်ကျွေးတို့ကလည်း သဘောပေါက်ပီးတော့ ကျန်းချန် ဘေးနားကနေထွက်လာလိုက်တော့သည်။
"...ဝမ်ရိပေါ်....ရိပေါ်..."
ကျန်းချန် လည်း ရိပေါ်နာမည်ကိုအော်ပီး ရှာနေတော့သည်။ဝမ်ချင်လည်း ထို့တူရှောင်ကျန်းနာမည်အော်ပီး ရှာနေတော့သည်။
၂ယောက်သားရှာရင်းနဲ့ ကျန်တဲ့လူတွေနဲ့တော်တော်လေးအလှမ်းဝေးသွားသည်။
ဝမ်ချင်အရှေ့ကိုဘဲကျိပီး သွားနေတာကြောင့် အောက်က ကျောက်တုံးနဲ့ တိုက်မိပီး ခြေခတ်လှဲကျသွားတော့သည်။ထိုစဉ်ကျန်းချန်းက အရှေ့က...
"....အား....."
ကျန်းချန် အသံကြားသော လှည့်ကျိလိုက်ရာ ဝမ်ချင်က ခြေထောက်ကိုဖိပီး လှဲကျသည်ကိုမြင်တော့ ကျန်းချန် ပြေးလာပီး
"....မင်း..မင်းအဆင်ပြေရဲ့လား.."
"နေ့ခင်းဘက်ကြီးကိုကွာ...ဒီလောက်လင်းထိန်နေတာ ခလုတ်ကလာတိုက်သေး.."
"....ရော့...ငါ့လက်ကိုဆွဲလိုက်.."
ကျန်းချန် ဝမ်ချင်ကိုပြောပီး လက်ကိုလှမ်းကမ်းပေးလိုက်သောကြောင့် ဝမ်ချင်က ကျန်းချန် လက်ကိုရိုက်ချလိုက်ပီး
"....ဖျန်း!!!...."
"မလိုပါဘူး...ကျမဘာသာ ကျမထနိုင်တယ်.."
"ကျမကိုလာပီး ဆရာကြီးလိုလိုဘာလိုလိုနဲ့ လာပြောနေတာ"
"...ဟင့်....ရုပ်ကိုက..ကျိလို့ကိုမရဘူး.. "
ဝမ်ချင် ကျန်းချန် ကိုကပ်ကပ်လန်အောင်စွာလိုက်ပီး မျက်စောင်းထိုးလိုက်တော့သည်။ထိုအခါ ကျန်းချန် ကသူ့ကိုမျက်စောင်းထိုးရကောင်းမလားဆိုပီး မျက်လုံးအပြူးသားနဲ့ ဝမ်ချင်ကိုပြန်ကျိလိုက်ပီး
