part(11)🚨🚨🚨

3.6K 114 2
                                    

ရိပေါ်လည်း ရှောင်ကျန်း နဲ့ နူတ်ဆက်ပီးတာနဲ့ အခန်းထဲကို ဝင်သွားလိုက်တော့သည်။

ထို့နောက် ကျန်းချန် ကရိပေါ်ဝင်လာသည်ကိုမြင်တော့

" ..ယျောင့်.."

"မင်းစောနကတည်းက ဝင်မလာဘဲဘာရပ်လုပ်နေတာ"

ကျန်းချန် မေးလာသောကြောင့် ရိပေါ်က

"...ဟဲဟဲ...မင်းတို့တွေမသိသေးပါဘူးကွာ.."

ရိပေါ်နဲ့ကျန်းချန်စကားပြောနေတာကို စစ်ကျွေးကကြားဝင်ပီး

"...ဟင်...ဘာမသိတာတုန်းကွ၊"

"မင်းနော်..တျောက်တည်းမလှိုထားနဲ့"

"ငါတို့ကို ပြောပြသင့်တယ်"

စစ်ကျွေးတို့ကြောင့် ရိပေါ်လည်း

"...အေးပါ...အေနော်..ငါမပြောပြခင် အရင်ပြောမယ်"

"ငါ့အကြောင်း လျှောက်ဖွလို့ကတော့ အသေဘဲ"

ရိပေါ်ပြောနေစဉ် ဝမ်နင်ကကြားဝင်ပီးတော့

"...အားလား...ပြောစရာရှိတာမပြောဘူး "

"အရစ်ကရှည်နေသေး...စိတ်ချငါတို့ဘယ်သူ့ကိုမှမပြောဘူး.."

ထို့နောက် ရိပေါ်လည်း ကျန်းချန် တို့ကို စက်ဘီးမှောက်တဲ့ကိစ္စနဲ့ ရှောင်ကျန်းနေ့လည်မာ ကန်တင်းမာ တွေ့မယ်ဆိုတဲ့ အကြောင်းကို ပြောပြလိုက်သည်။

ရိပေါ်ပြောပီးပီးချင်း ကျန်းချန် တို့အုပ်စု အလွန်ကိုအံ့သြနေတဲ့ပုံစံနဲ့သာ.....

ထို့နောက် ကျန်းချန် က

"...Wow!!!! .."

"ယျောင့်...မင်းကတော့ကွာ ကျောင်းလေး၂ရက်ဘဲပိတ်လိုက်တာ..အခြေအနေက first kiss အထိတောင်လားကွာ"

ကျန်းချန် အားရပါးရ အော်ပြောနေသောကြောင့် ရိပေါ်ကမန်းကတန်း ကျန်းချန် ပါးစပ်ကိုလက်နဲ့အုပ်လိုက်ပီး

"...အိုက်ယားးး... "

"အဲ့တာဘဲ...မင်းတို့ကောင်တွေ..ငါမပြောပြချင်တာ"

"ပြောပြလိုက်တာနဲ့ သိရင်လည်း သိသလိုနေတာမဟုတ်ဘူး"

"အော်ကြီးဟစ်ကျယ်နဲ့.."

🍂Beauty Summer🍂(completed) Where stories live. Discover now