မိုးသားများကင်းစင်နေတဲ့ ကောင်းကင်ကြီးက ချက်ချင်းအမှောင်ဖုံးသွားကာ အငြိုးကြီးစွာနဲ့ ဝေါခနဲ့မြည်အောင်ရွာချလိုက်တော့သည်။
ရှောင်ကျန်း လည်း ရိပေါ်ကိုဆေးထည့်ပေးပီးတာနဲ့ မိုးတွေကလည်းရွာချလာတာကြောင့်
".....ဟာ..."
"ဒီမိုးတွေကတော့ အချိန်မဟုတ်အခါမဟုတ်ရွာချလာပြန်ပီကွာ"
ရှောင်ကျန်း ဆေးဆိုင်ရဲ့မှန်တံခါးမှ အပြင်ဘက်ကိုကျိရင်း ပြောနေမိတော့သည်။
ထို့နောက် ရှောင်ကျန်း က ရိပေါ်ကို
".....ရိပေါ်..ရှောင်ကျန်း တို့ဒီပုံစံနဲ့ဆို ပြန်လို့မဖစ်သေးဘူး.."
"၂ယောက်လုံး မိုးတွေရွှဲကုန်လိမ့်မယ်"
ရှောင်ကျန်း ပြောလာသောကြောင့် ရိပေါ်ကလည်း
"....ဟုတ်တယ်..ပြန်လို့မဖစ်သေးဘူး "
"မိုးစဲအောင် ခနစောင့်ကြတာပေါ့"
၂ယောက်သား ထိုင်ခုံတန်းလေးပေါ်တွင် မိုးတိတ်မည့်အချိန်ကိုသာ ထိုင်စောင့်နေတော့သည်။
ထိုချိန် ဆေးဆိုင်ပိုင်ရှင်အဒေါ်က မိုးကာအကျီင်္ိကိုဝတ်ပီး သူတို့၂ယောက်နားလျှောက်လာခဲ့သည်။
ထို့နောက် ဆိုင်ပိုင်ရှင်က
"....အဲ..မောင်လေးတို့ ထီးမပါကြဘူးလား"
"အမ မာလည်းထီးကအပိုမရှိပြန်ဘူးကွယ်"
"...ဟိုလေ...အမက အိမ်မာ ကလေးတျောက်တည်း ကျန်နေလို့.."
"စိတ်မချလို့ အိမ်ပြန်တော့မို့"
"ဒါမဲ့. .ရပါတယ်.."
"အမ ဆေးဆိုင်အထဲတံခါးကိုဘဲပိတ်ခဲ့လိုက်မယ် အပြင်မာတော့ မပိတ်ခဲ့တော့ဘူးနော်"
"မောင်လေးတို့ မိုးသေချာတိတ်မှအေးဆေးပြန်ကြပေါ့"
(ဆေးဆိုင်က ၂ထပ်မို့ပါ။အပြင်ဘက်က မှန်တွေနဲ့ ပတ်ပတ်လည်ကာပီး ခုံတန်းချထားသည်။ထို့နောက်မှ တဆင့်တံခါးကိုဖွင့်ပီးဝင်သွားမှ ဆေးဆိုင်အထဲဘက်ကိုရောက်သည်။)
ဆေးဆိုင် အမပြောလာသောကြောင့် ရှောင်ကျန်းနဲ့ရိပေါ်တို့ကလည်း