လျိုဖိန်းတျောက် စိတ်လျှော့ပီး ပြန်ခဲ့တော့သည်။
Flash back⏮⏮⏮⏮⏮⏮⏮.....
(စုန်ကျီရန် နဲ့ ဝမ်လျိုဖိန်း တို့လက်ထပ်ပွဲကို စုန်ကျီရန် တို့ မိဘဆွေမျိုးနဲ့သာ အနည်းကျဉ်းကျင်းကခဲ့ခြင်းဖြစ်သည်။
ဝမ်လျိုဖိန်း မိဘများက ကျီရန်ဖြင့်သဘောမတူခဲ့။အကြောင်းပြချက်ကတော့ ကျီရန်မိဘများနဲ့ လျိုဖိန်းမိဘများ၏အဆင့်အတန်းက မိုးနဲ့မြေသို့ပင် ကွာခြားလွန်းသောကြောင့်ဖြစ်သည်။
လျိုဖိန်းခမျာ မိဘများ၏စကားကိုလွန်ဆန်ပီး ကျီရန်နှင့်တူတူ ခိုးပြေးခဲ့ကြသည်။သို့ပေမဲ့ ကျီရန်မိဘများက လျိုဖိန်းနဲ့ကျီရန်ကို လက်မှတ်ထိုးပီး အနည်းကျဉ်းပြုလုပ်ပေးသည်။
လက်ထပ်ပီးကတည်းက ကျီရန်ကိုယ်ဝန်လွယ်သည်ထိ လျိုဖိန်း မိမိမိဘအိမ်ကို တခါမျှမပြန်ခဲ့။လျိုဖိန်းမိဘများကတော့ စီးပွားရေးပိုင်ရှင်ကြီးများဖြစ်ပီး ဂုဏ်မောက်ကာ အရာရာတိုင်းကို ငွေဖြင့်သာဖြေရှင်းတတ်ကြသူများဖြစ်သည်။
တနေ့...
လျိုဖိန်း နဲ့ကျီရန်တို့နေတဲ့ ဘေကျင်းမာ ကပ်ဆိုက်တော့သည်။စိုက်ပျိုးရေးတွေ တော်တော်များများ ကပ်ခြောက်ပီး သေကုန်ကြသည်။ စီးပွားရေး ဘက်တွင်လည်း ကုန်ဈေးနူန်းတွေက တော်တော်မြင့်တက်လာခဲ့တော့သည်။
ထိုကပ်ဆိုက်သည့်အချိန်တွင် ကျီရန်တျောက် ရိပေါ်ကိုမွေးပီး လပိုင်းလောက်သာရှိသေးသည်။စားစရာရှိသော်ငြားလည်း ကုန်ဈေးနူန်းကတနေ့ထက်တနေ့ပိုပိုမြင့်လာတော့ ချွေတာစားသုံးနေရသည်။
ကျီရန်တို့ လယ်ယာလုပ်ငန်းလုပ်သော်လည်း မိုးခေါင်သောကြောင့် တော်တော်များများ ပျက်စီးကုန်သည်။ထိုအခါ လျိုဖိန်းလည်း ကြံရာမရဖြစ်နေတော့သည်။
"....ကျီရန်...ကို တို့ဘာဆက်လုပ်ကြမလဲ..."
"...ကို တို့သားလေးကလည်း လပိုင်းဘဲရှိသေးတာ.."
"...တခြားမြို့ကိုပြောင်းဖိုကျမဖြစ်နိုင်ဘူး..."
"...ကျီရန်လည်း သွေးနုသားနုဆိုတော့..."