ရိပေါ်တျောက် ရှောင်ကျန်း ကိုနူတ်ဆက်ပီးတာနဲ့ အိမ်ကိုပြန်ခဲ့တော့သည်။
အိမ်တွင်ထုံစံအတိုင်း မားက ထမင်းပြင်ရင်းနဲ့ ရိပေါ်ကိုမျှော်နေမိတော့သည်။
ထိုစဉ် အိမ်ပေါက်ဝသို့ရိပေါ်ပြန်လာပီတွေ့သောကြောင့် မားက
"....ဟယ်...သားငယ်.."
"မျက်နှာလည်းမကောင်းပါလား"
"ဘာဖြစ်လာတာလဲ "
"မားကို ပြောပါဦး"
ရိပေါ်တျောက် ရှောင်ကျန်း နဲ့ဝမ်ချင်ရင်းရင်းနှီးနှီးနေတာကိုမြင်ပီး စိတ်မကောင်းဖြစ်ကာ မျက်နှာညိုးနေသောကြောင့် မားကစိုးရိမ်တကြီးနဲ့ မေးခြင်းဖြစ်သည်။
မားမေးလာသောကြောင့် ရိပေါ်က
"...မား..သားဘာမှမဖြစ်ပါဘူး."
"နေမကောင်းချင်လို့ပါ ပီးတော့ခေါင်းနည်းနည်းကိုက်နေလို့"
ရိပေါ်မားကိုမလိမ်ချင်ပေမဲ့ မတတ်သာလို့သာ လိမ်ခဲ့မိတော့သည်။ထို့ကြောင့် မားက
"...ဟာ...သွား..သွား.."
"အပေါ်မြနိမြန်တက် ဒီညရေမချိုးနဲ့တော့ခြေလက်ဆေးပီးရင် အဝတ်လဲပီးနွေးနွေးထွေးထွေးနေ"
"မား ဆန်ပြုတ်ကျိုပီး ဆေးနဲ့လာပို့ပေးမယ်"
ရိပေါ်တျောက် မားပြောလိုက်သောကြောင့် အပေါ်ထပ်သို့တက်ပီး အခန်းထဲသို့ဝင်လိုက်သည်။
ရိပေါ်အခန်းထဲသို့ရောက်သည်နှင့် လွယ်အိတ်ကိုစားပွဲပေါ်ပစ်တင်လိုက်ပီး ခန္ဓာကိုယ်ကို ကုတင်ပေါ်သို့ စိတ်ရှိလက်ရှိပစ်လှဲချလိုက်တော့သည်။
"....အားးး... ဟူးးး. "
ရိပေါ်လေပူတချက်မှူတ်ထူတ်လိုက်ပီး လက်ကလေးနဖက်ကို လည်ပင်းနောက်လျှိုလိုက်ရင်း နေ့လည်ကကန်တင်းကိစ္စကို စဉ်းစားမိလိုက်သည်။
"....ငါ....ငါနေ့လည်တုနိးက ဘာကြောင့် ရင်တွေခုန်နေမိတာပါလိမ့်.."
"ပီးတော့ ယောက်ျားအချင်းချင်းကြီးကို"
"ဘာဘဲဖစ်ဖစ်ပါ သူငါ့ရင်ခွင်ထဲကိုပထမဆုံးအနေနဲ့ ဝင်လာမိတာတော့ အမှန်ဘဲ.. ဟီးဟီး "