ကျွန်မရဲ့ ခေါက်ဆွဲဘူးလေး
......................
ကျွန်မရှစ်တန်းကျောင်းသူအရွယ်ကပေါ့
Tvမှာ ခေါက်ဆွဲခြောက်ဘူးလေး ကြော်ငြာတယ်...
ကြော်ငြာလေးကချစ်စရာလေး
ပင်လယ်ကြီးထဲက ပုစွန်ထုပ်ကြီးနှိုက်ယူ
စိုက်ခင်းထဲက ဆလပ်ရွက်ကိုယူပြီး..ခေါက်ဆွဲနဲ့တွဲစားပြတယ်..။ကျွန်မလည်း နဂိုကတည်းက ခေါက်ဆွဲခြောက်ထုပ်ခရေဇီဆိုတော့
နောက်နေ့ အဲ့ခေါက်ဆွဲဘူးလေး ရှာပြီးဝယ်စားဖြစ်တယ်...
သာမန်ခေါက်ဆွဲခြောက်ထုပ်တွေ ၁၅၀ပဲ ပေးရတဲ့အချိန်
အဲ့ခေါက်ဆွဲဘူးလေးက ၅၀၀တောင် ပေးရတယ်..ဈေးမသေးဘူးစားကြည့်လိုက်တော့လည်း...အိုးးးးးအရသာရှိတာဆိုတာလေ..
အထဲမှာ ပုစွန်ခြောက်လေး အရွက်ခြောက်လေးပါတယ်..
ခက်ရင်းလေးနဲ့...ခေါက်ဆွဲကလည်းနူးညံ့လိုက်တာ
ဟင်းရည်လေးကလည်း ချဉ်စပ်လေး..အရသာရှိမှရှိပဲ
အဲ့ခေါက်ဆွဲဘူးလေးကိုတစ်ခါတည်းကို စွဲသွားတော့တာ..။အိမ်က ခေါက်ဆွဲခြောက်တွေစားတာမကြိုက်ဘူးလေ...
အဲ့တော့မုန့်ဖိုးလေးတွေစုပြီး အဲ့ခေါက်ဆွဲဘူးလေးခိုးဝယ်စားရတယ်
ဒီလိုနဲ့...တစ်နှစ်လောက်ပဲကြာတယ်
ခေါက်ဆွဲဘူးလေးက ဈေးကြီးတာရယ်...လူကြိုက်နည်းတာရယ်နဲ့
ဆိုင်တွေမှာ မတင်ကြတော့ဘူး......။
တစ်ဆိုင်ပြီး တစ်ဆိုင် လိုက်ရှာဝယ်ပေမယ့်...လုံးဝပါပဲ..။ဒီလိုနဲ့....ကိုးတန်းလောက်ကတည်းက မစားဖြစ်တော့ဘူးပေါ့
တခြားခေါက်ဆွဲထုပ်လေးတွေပဲ စားဖြစ်ခဲ့တယ်.....
ဒါပေမယ့်ရောက်တဲ့နေရာမှာ အဲ့ခေါက်ဆွဲဘူးလေးရှာမေးတတ်ဆဲ။
တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားလိုက်တာ...
အဲ့ခေါက်ဆွဲဘူးလေးမစားရတာ ၅နှစ်လောက် ကြာသွားခဲ့တယ်..။တစ်နေ့ ကုန်တိုက်မှာဈေးဝယ်ထွက်တော့...
အိုး...ခေါက်ဆွဲဘူးလေး ပြန်ရှာတွေ့ခဲ့တယ်
အံမယ်...သူမပေါ်ခင်ကတည်းကပေါ်တဲ့ခေါက်ဆွဲတွေတောင်
အခုထိ ၁၅ဝပဲ ပေးရတာ...သူကဈေးတက်လို့ ၇၀၀ ဆိုပဲ..။ရပါတယ်...ရပါတယ်...ဒီလောက်လေးများ
ကိုယ်စားချင်ခဲ့တဲ့ အာသီသနဲ့ယှဉ်ရင်
ဒါဟာဘာမှမပြောပလောက်တဲ့ဈေးပါ...
ကျွန်မ အဲ့ခေါက်ဆွဲဘူးလေး သုံးဘူးဝယ်လာခဲ့လိုက်တယ်...
အိမ်ရောက်တော့ တခြားသူတွေတွေ့ရင်ယူစားမှာစိုးလို့
ကြောင်အိမ်ထဲမှာတောင်..တသီးတသန့်ဖွက်ထားလိုက်သေးတယ်နောက်နေ့မနက် ခေါက်ဆွဲဘူးလေးတစ်ဘူးထုတ်ပြီး
ရေနွေးလေးထည့်...မနက်စာစားဖို့လုပ်တယ်...
၅နှစ်လောက်ရှာလာခဲ့ရတဲ့ခေါက်ဆွဲမို့လား မသိဘူး...
အရမ်းပျော်ပြီး...စားဖို့တပြင်ပြင်နဲ့ပေါ့လေ
ပထမဆုံးတစ်လုတ်
ရင်ထဲငြိမ်သက်သွားတယ်....တစ်ခုခုတော့လွဲမှားနေပြီထင်တယ်
ခေါက်ဆွဲဖက်လေးကို ဖြည်းဖြည်းချင်း ဝါးဖြစ်တယ်
ဟုတ်ပါတယ်...ဒီခေါက်ဆွဲရဲ့ နူးညံ့တဲ့အရသာလေး
ဟင်းရည်တစ်လုပ်သောက်လိုက်တယ်
အင်း...ချဉ်စပ်အရသာလေးပါပဲ
ဒါဆိုဘာများ ကျွန်မအလိုမကျဖြစ်နေပါလိမ့်??
ပုစွန်ခြောက်လေးလည်းအရင်လိုပဲ..အရွက်လေးတွေလည်းပါတယ်
.....
.....
ရင်ထဲမှာအီပြီး အလိုမကျသလိုခံစားနေရတယ်
နှစ်ပေါင်းများစွာ တရှိုက်မက်မက်တောင့်တခဲ့တဲ့အရသာလေး
ဘာတွေလွဲချော်နေမှန်းမသိ...
ခပ်အီအီနဲ့ ခေါက်ဆွဲဘူးလေးကုန်သွားခဲ့တယ်။ရင်ထဲမှာခေါက်ဆွဲဘူးလေးနဲ့ပက်သက်ပြီး မကျေနပ်ချက်တွေအပြည့်
ဒါနဲ့ ညနေမှာ နောက်တစ်ဘူးထပ်စားဖြစ်တယ်...
အင်း...ခေါက်ဆွဲရော ဟင်းရည်ရော ဆက်စပ်ပစ္စည်းတွေရော
အကုန်မပြောင်းလဲပါဘူး.....
ဒါပေမယ့်...၈တန်းနှစ်က စားခဲ့စဉ်ကလို ခံစားချက်မျိုး...
ရင်ထဲမှာမဖြစ်ပေါ်လာတော့ဘူး....။ခေါက်ဆွဲ၃ဘူးလုံး ကုန်သွားတဲ့အချိန်မှာ သေချာသွားတယ်
ကျွန်မ အဲ့ခေါက်ဆွဲဘူး နောက်တစ်ခေါက်မစားချင်တော့ဘူး...။
ကျွန်မရဲ့ နှစ်ပေါင်းများစွာအာသီသက
ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားခဲ့တယ်...။နောက်တစ်နေ့တော့..ပုံမှန်စားနေကျ ၁၅၀တန်ခေါက်ဆွဲထုပ်လေး
ပြုတ်စားဖြစ်ခဲ့တယ်....။
အိုး...တစ်ချိန်လုံးစားနေခဲ့ပြီး ဘာလို့များ သတိမထားမိခဲ့ပါလိမ့်.
အရသာရှိလိုက်တာ...ချဉ်စပ်ပြီး ကောင်းလိုက်တာ...။
ကျွန်မတကယ်နှစ်ခြိုက်တာ ၁၅၀တန် အထုပ်လေးမှန်း
သဘောပေါက်သွားခဲ့ပါတယ်....။ဟုတ်ကဲ့....ဒီိလိုပါပဲ
တစ်ခါတစ်ရံမှာ လူတွေဟာ..
ဆုံးရှုံးခဲ့ရတဲ့အရာအပေါ် နှမြောတသစိတ်တွေနဲ့.....
မပိုင်ဆိုင်ခဲ့ရလေခြင်းဆိုပြီး စိတ်ဖိစီးနေတတ်ပါတယ်။
ကိုယ်နဲ့မဆုံနိုင်တဲ့အရာအပေါ် စိတ်တွေများနေလွန်းလို့
ဘေးနားမှာရှိတဲ့အရာတွေကိုတောင် လစ်လျူ ရှုမိကြတဲ့အထိပါပဲ။တစ်ခုပါပဲ...
ကိုယ်နဲ့မသက်ဆိုင်နိုင်တဲ့အရာကိုပဲ စွဲလမ်းနေလို့
ကိုယ့်ဘေးနားကသက်ဆိုင်တဲ့အရာကို မဆုံးရှုံးမိပါစေနဲ့။..................................................

YOU ARE READING
Teenager's Diary
Short Storyဆယ်ကျော်သက်အရွယ်က ရေးခဲ့သောစာစုလေးများ။ ဆယ်ကျော်သက်အရွယ်က ရေးခဲ့သောစာစုလေးများ။