Diary 1 [Unicode]

326 14 0
                                    


"ဗွမ်း”

အေးစက်နေသောရေတွေ မျက်နှာကိုအပက်ခံလိုက်ရသည်။
ခေါင်းဆီမှာ တဆစ်ဆစ်ကိုက်နေတဲ့အသိတွေကြားကနေ မျက်လုံးကိုမနည်း အားယူဖွင့်ကြည့်တော့...

"ဟင်...ညီမလေး”

ဟုတ်တယ် ညီမလေးမှ ညီမလေး...။
ပထမတော့ ဝေဝါးနေသောအသိတွေကြောင့် မျက်စိတွေပဲမှားနေသလားထင်မိသေးသည်။
တဖြည်းဖြည်းနဲ့ထင်ရှားလာတဲ့မြင်ကွင်း အသိအရ...ဘယ်လိုမှမမှားနိုင်။
ညီမလေးကသူ့ကိုပြုံးပြနေသည်...သူ့ရှေ့မှာ ကိုယ်ကိုကိုင်းညွှတ်ငုံ့ကြည့်ရင်း သူ့ကိုပြုံးပြနေသည်။

သူတစ်ခုခုပြောဖို့ကြိုးစားပေမယ့် ပါးစပ်မှာတင်းကြပ်စည်းနှောင်ထားခံရလို့ သူ့ဆီကဘာသံမှထွက်မလာ။ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ကြည့်လိုက်တိုင်း တင်းကြပ်နာကျင်မှုတွေပဲခံစားရသည်။
လက်ရှိအနေအထားနဲ့ အဖြစ်အပျက်တွေကို သူအတော်ကြိုးစားဆက်စပ်ယူနေရသည်...အရာရာတိုင်းကရှုပ်ထွေးနောက်ကျိလျက်။

"ကိုကြီး”

နူးညံ့ချိုမြိန်အောင်ခေါ်သည်။ နှစ်နှစ်လိုလိုပြုံးပြရင်း ညီမလေးကတစ်စုံတစ်ရာကို သူမ၏အနောက်မှဆွဲထုတ်လာသည်။

"သား...”

သားသည် မည်မျှပင်ကြောက်ရွံ့ထိတ်လန့်နေသည်မသိ..ရှိုက်ပြီး ငိုသံပင်မပြုနိုင်တော့...ကြောက်ရွံ့၍လန့်နေသောမျက်လုံးလေးများနှင့် သနားစဖွယ်တုန်ယင်နေလျက်ရှိသည်။
သား၏နှဖူးတွင်သွေးများစီးကျလျက်ရှိနေပြီး အနည်းငယ်ယောင်နေသည်။
၂နှစ်သားအရွယ်သားလေး၏ကြောက်ရွံ့မှုပုံစံက သူ့နှလုံးကိုပြင်းထန်စွာရိုက်ခတ်သည်။

"သား...သား...”

ဖခင်တစ်ယောက်မို့ ရင်ထဲမှာတင်းကြပ်ကာဗလာင်ဆူနေသော်လည်း သားကိုသူ အသံမပြုနိုင်...ထွေးမပွေ့နိုင်။ ရုန်းကန်လိုက်တိုင်း ချည်နှောင်ထားသောကြိုးစက နည်းနည်းမှလှုပ်ရှားမရအောင် ခိုင်ခိုင်မြဲလွန်းလှသည်။

"ကိုကြီးရယ်...
သားလေးကိုကြည့်စမ်းပါဦး ကိုကြီးနဲ့သိပ်တူတာပဲ...
သြော်...မမူယာက ဒီလိုကျဘယ်ဆိုးလို့လဲ
ကိုကြီးဆန္ဒတွေကို အစွမ်းကုန်ဖြည့်ဆည်းထားပါလား...
ကိုကြီးနဲ့သိပ်တူတဲ့သားလေးဆိုတဲ့အိမ်မက်ပြည့်ဝပြီပေါ့နော်”

Teenager's DiaryWo Geschichten leben. Entdecke jetzt