Diary 10 [Zawgyi]

71 4 2
                                    

ငှက်ကုလားအုတ်လေးများ
.................

         တစ်နေ့ကပေါ့..ကျွန်မတို့သူငယ်ချင်းနှစ်ယောက်
စကားပြောဖြစ်ကြတယ်..။
ကျွန်မသူငယ်ချင်းက ချစ်သူရည်းစားလုံးဝမထားဖူးတဲ့
အပျိုစင်နုနုထွတ်ထွတ်လေး...။
ကျွန်မက သူ့ကိုပြောလိုက်တယ်...

"သူငယ်ချင်း...ကောင်မလေးတွေကလေ
သူတို့ချစ်သူကောင်လေးတွေရဲ့ ရင်ခွင်ကျယ်ကြီးထဲမှာ
ခေါင်းလေးတိုးဝှေ့နေရတာကို အရမ်းသဘောကျကြတယ်...
အဲ့ဒါဘာလို့လဲသိလား? အဲ့အချိန်ဘယ်လိုခံစားချက်မျိုးဖြစ်နေမယ်ထင်လဲ? ”

တကယ်တော့...ချစ်သူရည်းစားမထားဖူးတဲ့ သူငယ်ချင်းလေး
အဲ့လိုအရာကိုသိမှသိပါ့မလားဆိုပြီး...ရယ်ရယ်မောမောမေးကြည့်လိုက်တာပါ...။
ဒါပေမယ့် ကျွန်မသူငယ်ချင်းက

"လုံခြုံသွားသလိုခံစားရတာမလား”

"နင်ကဘယ်လိုသိလဲ?...ရုပ်ရှင်တွေထဲမှာ ကြားဖူးတာလား
အင်း...ဟုတ်ပါတယ်...လုံခြုံနွေးထွေးသွားတာဟ
လောကကြီးတစ်ခုလုံးဆီကနေ ကိုယ့်ကိုကာကွယ်ပေးထားတဲ့
အမိုးအကာကြီးအောက်ရောက်နေသလိုမျိုး...
အဲ့ရင်ခွင်ကြီးထဲကနေ နောက်ထပ် ခြေနှစ်လှမ်းစာလောက်ကို
ကျော်မကြည့်ချင်တော့သလိုမျိုး...ခံစားရတယ်ဟ”

"ငါမကြုံဖူးပါဘူး...ဒါပေမယ့် အဲ့အခြေအနေနဲ့တူတဲ့အရာကို
ငါ ဥပမာသိတယ်”

"ဟုတ်လား...ဘာလဲ?”

"ငှက်ကုလားအုတ်တွေလေ....”

"ဟင်...ဘယ်လို?”

"ဟုတ်တယ်...သူငယ်ချင်းရဲ့
ငှက်ကုလားအုတ်တွေရဲ့ ခြေထောက်တွေက
အပြေးသန်သန်ပြေးနိုင်ဖို့အတွက်လုံလောက်အောင် ရှည်တယ်...
ဒါပေမယ့် ငှက်ကုလားအုတ်တွေက အန္တရာယ်နဲ့ကြုံလာတဲ့အချိန်မှာ ထွက်မပြေးဘဲ
သူတို့ခေါင်းကိုမြေကြီးထဲ ထိုးစိုက်လိုက်ကြသတဲ့....
အဲ့အချိန်မှာ ဘာမှမမြင်ရတော့ဘဲ သူတို့ဟာလုံခြုံနွေးထွေးပြီး
အန္တရာယ်ကနေလွတ်ပြီလို့ ခံစားရလို့ပါ တဲ့”

"သြော်......”

"ဟုတ်တယ်...မိန်းကလေးတွေ သူတို့ချစ်သူရင်ခွင်ထဲ
ခေါင်းတိုးဝှေ့ပြီး လုံခြုံနွေးထွေးတယ်လို့ပြောရင်....
ငါကတော့ ငှက်ကုလားအုတ်လေးတွေပဲပြေးမြင်မိတယ်”

"ဟီး....ဟီး....နင်လည်းနော်...ကြံကြံဖန်ဖန်”

သူငယ်ချင်းပြောတဲ့ ဥပမာကို ကျွန်မသဘောကျပြီးရယ်မောမိပါသည်....။

ဒါပေမယ့် သူငယ်ချင်းရယ်...
အန္တရာယ်ကနေမလွတ်ကာမှ နေပါစေတော့...
ငှက်ကုလားအုတ်လေးတွေကတော့ ခေါင်းလေးတို့ဝှေ့နေကြဦးမှာပါပဲ....။

...................................................

Teenager's DiaryTempat cerita menjadi hidup. Temukan sekarang