Diary 7 [Zawgyi]

37 8 5
                                    

ကောင်မလေး။ ။ဟယ်လို

ကောင်လေး။ ။မအိပ်သေးဘူးလား?

ကောင်မလေး။ ။နင်အိမ်ပြန်ရောက်ပြီလို့ ဖုန်းမဆက်သေးဘဲ
ငါဘယ်တုန်းက အိပ်နှင့်ဖူးလို့လဲ

ကောင်လေး။ ။အင်း...ချစ်တယ်
ငါ့ကို အပြင်မထွက်နဲ့ ဘာညာဆိုပြီး..မရစ်ဘဲ
ပြန်ရောက်တဲ့အထိ ဂရုတစိုက်နဲ့စောင့်နေတယ်
အဲ့လိုနားလည်မှုတွေပေးတာ အရမ်းကျေနပ်တယ်

ကောင်မလေး။ ။အင်းပါ...
ဆောင်းတွင်းနော်...စောင်ခြုံပြီးပြီလား?
ပြတင်းပေါက်ရောပိတ်ထားရဲ့လား?
နွေးနွေးထွေးထွေးအိပ်နော်...
ကျန်းမာရေးက သိပ်ကောင်းတာမဟုတ်ဘူး
ကိုယ့်အကြောင်းကိုယ်သိ

ကောင်လေး။ ။အင်း...
အပြင်ကပြန်လာတာ နည်းနည်းပင်ပန်းလာပြီ
အိပ်ချင်နေပြီ...ဒါပဲလေ

ကောင်မလေး။ ။အယ်...ဘာမေ့နေပြီလဲ ကိုယ့်ဆရာ

ကောင်လေး။ ။မမေ့ပါဘူးဗျာ...
ဖုန်းလေးကို ပါးနားမှာကပ်ထားနော်

ကောင်မလေး။ ။အင်း...ရပြီ

ကောင်လေး။ ။မွ.....
ဒါပဲနော်
.........................................

ကောင်မလေး။ ။ဟယ်လို

ကောင်လေး။ ။အင်း...ငါ ဒီနေ့ နေသိပ်မကောင်းဘူး

ကောင်မလေး။ ။ဟာ...ဘာဖြစ်လို့လဲ? အအေးမိပြန်ပြီလား?

ကောင်လေး။ ။အင်း...ရေချိုးတာနည်းနည်းကြာသွားလို့

ကောင်မလေး။ ။အမြဲတမ်း ဒါပဲပြောနေရတယ်..
ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်မှပေါ့
ငါက အရင်လို နင့်နားမှာမရှိတော့
နင်ဖျားလို့ပြုစုပေးချင်ရင်တောင် အဝေးမှာလေ

ကောင်လေး။ ။ငါဖျားနေတဲ့အချိန်မှာ နင့်ကိုအရမ်းသတိရတယ်

ကောင်မလေး။ ။ဂရုစိုက်ပါဟာ...ကျန်းမာရေးကို
နွေရာသီဆို နင်က ခူယားထိတတ်တယ်
သန့်သန့်ရှင်းရှင်းလေးနေ...
မိုးရာသီဆို ထီးမပါဘဲ လုံးဝအပြင်မသွားနဲ့
နင်က မိုးဖွဲလေးထိရင်တောင် ချက်ချင်းဖျားရော.
ဆောင်းတွင်းဆို အဆိုးဆုံး
နင့်ရဲ့အဆုတ်ကကောင်းတာမဟုတ်ဘူး
ဒါကို အအေးတွေမိ..စိတ်ထင်တိုင်းဆေးသောက်
နောက်ပြီး ဆိုင်ကယ်စီးရင်း နားကြပ်တပ်ထားပြီး
သီချင်းနားထောင်တဲ့အကျင့်လည်းပြင်ပါနော်
ငါအရမ်းစိတ်ပူရတယ်ဟာ...

Teenager's DiaryDonde viven las historias. Descúbrelo ahora