ဆယ်ကျော်သက်၏ ၁၆ ၁၈ ၂၀
.......................ကျွန်မ အထက်တန်းကျောင်းသူအရွယ်ထိ
နေထိုင်မှုပုံစံကရိုးရှင်းတယ်ဆံပင်ဂုတ်ဝဲခပ်ရှင်းရှင်းလေးနဲ့ တီရှပ် ၊ ဂွမ်းဘောင်းဘီရှည်ခပ်ပွပွ
အပြင်သွားမယ်ဆို တီရှပ်နဲ့ဂျင်းဘောင်းဘီ
ဒီလောက်လေးပဲ။
အပြင်တွေဘာတွေလည်း သိပ်မထွက်ဖြစ်ဘူး ၊
မိသားစုနဲ့တစ်ခါတစ်ရံ မုန့်ထွက်စားတာလောက်ပဲ
အဝတ်အစားဆိုကိုယ်တိုင်ဝယ်မဝတ်ဖူးဘူး
မိဘက အဖြူဆိုအဖြူ ၊ အမည်းဆိုအမည်း နာခံဖြစ်ခဲ့တယ်
သွေဖည်ဖို့လမ်းကြောင်းဆိုတာ မရှိခဲ့ဘူးပေါ့... ။အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်စတက်တော့
ကျွန်မအသက်က ၁၆
ဝတ်စားဆင်ယင်မှုကတော့ နည်းနည်းပြောင်းလဲချင်လာပြီအဲ့အချိန်တုန်းက ခေတ်ရေစီးကြောင်းထဲမှာ..
ကျွန်မကြွေတဲ့styleက ပန့်style ပေါ့
အရမ်းကြိုက်တာ ပန့်style နဲ့ ဝတ်စားဆင်ယင်မှုတွေကို..
ကျွန်မဆံပင်ကို အရှေ့ဆံမြိတ်ချပြီး..ဆာမူရိုင်းကေညှပ်လိုက်တာ
မျက်လုံးကို အနက်ရောင်linerတွေ ဝိုင်းစက်နေအောင်ဆိုးတာ
လက်သည်းတွေလည်း အနက်ရောင်ဆိုးထားတာပေါ့
ဂျင်းဘောင်းဘီအနက်ရောင်အောက်ရှူးးက အသည်းစွဲ
ပလက်စတစ်ကွင်းအနက်လေး ၂ခုတောင် လက်မှာဝတ်ထားသေး...။အဲ့မှာ ပြသနာကစတော့တာပါပဲ.....
မိဘတွေကဆူတာပေါ့...
ဆံပင်ကိုမလိုက်မဖက်အရှေ့တွေညှပ်ချထားတယ်
ကြည့်လိုက်ရင် တစ်ချိန်လုံးမင်္ဂလာမရှိတဲ့အနက်ရောင်တွေဝတ်
လက်သည်းတွေကို ညစ်ညစ်ပတ်ပတ်အနက်ရောင်ဆိုးရသလား
မျက်လုံးကပြူးးရတဲ့ကြားထဲ အနက်ရောင်တွေကမဲသဲလို့ ဘာညာ.မိဘတွေရဲ့ပုံစံခွက်ကနေ ကျွန်မရုန်းကန်ခဲ့တဲ့ ပထမခြေလှမ်းပါပဲ
တစ်နေ့တစ်နေ့..ဒီကိစ္စနဲ့ပဲ တပူပူတညံညံနဲ့ဆိုတော့...
နားမခံနိုင်တော့ဘူး...စိတ်ရှုပ်လာတော့ လူကကြမ်းပါလေရော
အမေရာ...သမီးအခုပုံစံကဘာဖြစ်နေလို့လဲ?
အခုခေတ်လူငယ်တွေအားလုံး ဒီလိုပုံစံပဲဟာကို..
သမီးဒီအရွယ်တောင်ရောက်နေပြီ
အဝတ်အစားလေးတောင် ကိုယ့်စိတ်တိုင်းကျဝတ်ခွင့်မရှိဘူးလား
သူများတွေလိုလည်းဆိုးသွမ်းနေတာလည်းမဟုတ်ဘဲနဲ့..ဘာညာပေါ့
ပြီးတော့ ကျွန်မငိုတော့တာပါပဲ...
စိတ်တွေကသာ တက်ကြွပြီး ဘာညာပြန်ပြောနေတာ..
ကလေးစိတ်မပျောက်သေးတော့ ဆူရင်ငိုတာပါပဲ...
![](https://img.wattpad.com/cover/215501511-288-k955161.jpg)
YOU ARE READING
Teenager's Diary
Short Storyဆယ်ကျော်သက်အရွယ်က ရေးခဲ့သောစာစုလေးများ။ ဆယ်ကျော်သက်အရွယ်က ရေးခဲ့သောစာစုလေးများ။