မမုန်းခဲ့ပါ-1
Sehun.pov
ကျစ်......
နေရောင် မမြင်ရတာ ကြာလို့ထင့်
နေရောင်ကြောင့် မျက်လုံးက စူးခနဲ အလင်းနဲ့နေသားမကျထောင်ထမင်းဟင်း ငတ်မသေရုံစားရတယ်
အလုပ်ကြမ်းလုပ်ရလွန်းလို့လက်တွေတောင် အသားမာတက်နေပြီကြီးနိုင်ငယ်ညှင်း နှိပ်စက်ခံရတာလဲမသေရုံတမယ်
စိတ်အားလျှော့ဖို့ တွေးမိတိုင်း ကိုယ့်ရဲ့တစ်ဦးတည်းသော
ညီငယ်လေးကြောင့် အားတင်းထားရတယ်
ညီ့အတွက် စိတ်ပူစရာမလိုပေမယ့်......( ဟက်.....)
ခင်ဗျားကြီး ပျော်နေရဲ့လား
အပြစ်မရှိတဲ့သူကို လီဆယ်ပြီး ထောင်ထဲပို့ရတာ အရာသာရှိရဲ့လားပျော်ပျော်နေစမ်း ပြုံးနိုင်သလောက် ပျော်ကြည့်
မကြာခင် စိတ်ဆင်းရဲပြီး ကိုယ်တိုင်သေတွင်းထဲ
အရောက်သွားချင်အောင် ပို့ပေးမှာမို့(Hyung)
ခေါ်သံကြားလို့ ကြည့်မိမှ
ကား ပေါ်မှ ပြေးဆင်းလာတဲ့
အရပ်ရှည်ရှည် အသားဖြူဖြူ
မျက်ရည်ဝဲနေတဲ့ မျက်လုံးဝိုင်းတွေရယ်နဲ့ ကောင်လေး( အင့်.....)
လူကို အင့်ခနဲ မြည်အောင် ဖက်ပြီး"Hyung ကျတော်လွမ်းနေတာ "
"Hyung လွတ်လာမယ့် ရက်ကို စောင့်နေတာ"
"မင်း မင်းက yeolလေးမလား"
"ထွားလာလိုက်တာ ကိုကို့ရဲ့ ညီက
အရပ်လည်းရှည်လာတယ်
စကားလည်ပီလာတယ်
ကလေးလေးကနေ ပြီးးတော့
အရမ်းကို ယောင်္ကျားပီသတဲ့လူကြီးလေးဖြစ်နေပြီ ""အာ hyung အဲ့တာ
Hyungနဲ့တူလို့ လေ ပြီးတော့ ရော့
ပဲပြားစားလိုက်အုံး ပဲပြား လတ်လတ်ဆတ်ဆတ် နွေးတုန်းရှိသေးတယ်"နွေးနေစဲ ပဲပြားကို တစ်ကိုက်ကိုက်စားလိုက်ရင်း....
Flashback end!//
မင်းအပေါ်ငါ့အမုန်းတွေကြေဖို့ဆိုရင် မင်းးဘဝတခုလုံး စုတ်ပြတ်သတ်သွားမှ ငါအေးချမ်းနိုင်မယ်ဆိုတာကလည်းအမှန်တရားတခုပဲမေးရိုးတွေထောင်သည်အထိ အံကြိတ်ထားခြင်းသည် ငြိမ်းချမ်းစွာမေ့မြောနေသည့် ဖြူဥဥကောင်လေးကိုဒေါသထွက်နေသောအရှိန်ကြောင့်
YOU ARE READING
မမုန်းခဲ့ပါ
Fanfictionအချစ်ဆိုတာ အမုန်းကနေစတင်လေလား အမုန်းမှ အချစ်သို့ပြောင်းလဲနိုင်သလား ကိုယ်သိတဲ့အချစ်ဆိုတာ ချစ်ရသူ မင်းလေး ပျော်ရွှင်ဖို့ပဲ