မမုန်းခဲ့ပါ........
Part-10
Jun' ရဲ့ နှုတ်ခမ်းပါးကိုမြင်တိုင်း မျက်နှာလွှဲမိတာအကြိမ်ကြိမ်
jun ပန်းကန်ကျကွဲတဲ့
နေ့ကတော့ jun' နှုတ်ခမ်းပါးကို
အတင်းအကျပ် နမ်းရှိုက်ခဲ့တဲ့ အပြင်အပိုင်သိမ်းခဲ့မိတဲ့အထိ ကိုယ်ထိန်းချုပ်မှုတွေမဲ့ရတယ်ဒါပေမဲ့ ဒီဖြစ်ရပ်အတွက်ကိုယ် နောင်တမရဘူးjun
Jun' အမုန်းတွေကိုလဲ ကျေကျေနပ်နပ်ကြီးခံယူမယ်
Jun'ရဲ့ နှုတ်ခမ်းပါးတွေကိုလဲ ထပ်ကျူးကျော်ဦးမယ်
ကိုယ့်ရဲ့အပိုင်ဖြစ်ပြီမို့လုံး၀လက်လွှတ်တော့မည်မဟုတ်
အဆုံးအစွန်ထိ အတ္တကြီးတော့မှာမို့ ကိုယ့်စီကနေဘယ်ကိုမှထွက်သွားမရအောင် ချုပ်နှောင်ထားမှာJun...
Arjimahလာသည်မို့မနက်စာအတွက်junချက်စရာမလို
ကိုယ့်ကို ကျောပေး၍တစောင်း အိပ်နေသော junကိုတ၀ကြီး ငေးပြီးနောက် ရေချိုးရန် အတွက် ရေချိုးခန်းထဲ၀င်လာလိုက်တယ်
ရေချိုးပြီး ခါးတွင် တဘက် ပတ်လိုက်ရင်းရေချိုးခန်းထဲက ထွက်လာတော့ နိုးနေပြီ ဖြစ်သောjunကကျောခိုင်းကာ
နေရောင်ပျပျ၀င်လာနေသောပြတင်းပေါက် အပြင်ဘက်ကို
လှမ်းငေးနေတယ်"Jun"
ကိုယ်ခေါ်လိုက်တော့jun'ကိုယ်လေးတချက်တုန်သွားတယ်
ကိုယ့်ဆိုရင်သူအဲ့လောက်တောင်လန့်နေတော့တာလား"ရေချိုးတော့
မနက်စာစားရအောင်ပြီးတော့ နောက်နေ့တွေကျရင် ကိုယ်၀တ်ဖို့အကျီတခါထဲထုတ်ပေးထားဖို့က jun'တာ၀န်
ရေချိုးပြီးအောက်ဆင်းခဲ့
မကြာစေနဲ့ jun"အကျီ၀တ်ရင်း တရစပ်မှာပြီး
ကိုယ်အခန်းထဲကသာ ထွက်လာခဲ့တာ
junကကိုယ့်စကားကို အရေးပင်မလုပ် လျစ်လျူရှုထားပုံပေါ်သည်အောက်ထပ်ဆင်းလာတော့
ထမင်းစားခန်းထဲရောက်နေပြီဖြစ်တဲ့ yeolyeolကိုမနက်စာ
မဖြစ်မနေစားခိုင်းတာမို့ ဒီကလေး မနက်စာတော့သေချာစားသည်
YOU ARE READING
မမုန်းခဲ့ပါ
Fanfictionအချစ်ဆိုတာ အမုန်းကနေစတင်လေလား အမုန်းမှ အချစ်သို့ပြောင်းလဲနိုင်သလား ကိုယ်သိတဲ့အချစ်ဆိုတာ ချစ်ရသူ မင်းလေး ပျော်ရွှင်ဖို့ပဲ