မမုန်းခဲ့ပါ
Part-12
အမူးသမားလေးကို
နှိုးလိုက်တော့ အိပ်ချင်မူးတူးနဲ့ ထလာလေရဲ့ကားပေါ်အိပ်လာတော့ ကြည့်ရတာအမူးနဲနဲတော့ ပြေသည့်ပုံ
ခပ်တည်တည်နဲ့ ကားပေါ်က ဆင်းပြီး
လမ်းလျှောက်တော့ တချက်ယိုင်သွားတာမို့"ရလား hyung တွဲကူမယ်"
ကမ်းလိုက်သည့်လက်ကိုဖယ်ပစ်ပြီး ရှေ့ကနေ ယိုင်တိုင်တိုင်နှင့်
လျှောက်နေသောyeolကြောင့် ခပ်လှမ်းလှမ်းကနေသာ
လိုက်လာရတယ်ထပ်ပြီးယိုင်သွားတာမို့ လဲတော့မယ်အထင်နဲ့
အပြေးတပိုင်း လှမ်းထိန်းပေးတော့"မလိုဘူး!
တာ၀န်အရဂရုမစိုက်နဲ့ "Yeolမူးနေတာမို့လို့ ကိုယ်လဲရှင်းမပြချင်တော့
yeolကို စောင့်ရှောက်ဖို့ sehun အကူအညီမတောင်းလဲ
ဂရုစိုက်မှာပင်
အခုတော့ ကိုယ့်စေတနာကို အထင်လွဲနေပြီ...
ကိုယ်တွဲထားတဲ့လက်ကို ရုန်းလိုက်ပြီး တရွေ့ရွေ့ တယိုင်ယိုင်နဲ့
အခန်းထဲ ၀င်သွားတဲ့ yeolကို ကြည့်ရင်းသက်ပြင်းချလိုက်မိတယ်အခန်းထဲ မ၀င်ချင်သေးတာမို့ ခြံထဲက ခုံတန်းတွင် ထိုင်လိုက်ရင်း
ကောင်းကင်ကြီးကိုမော့ကြည့်မိတော့မှိတ်တုတ်မှိတ်တုတ်ကြယ်တွေ
ရေတွက်လို့မရနိုင်အောင် အများအပြားထို့အတူလမင်းကြီးကိုပါ ငေးမိတော့ ပြုံးမိသေးတယ်
လမင်းလိုပဲ အေးချမ်းတဲ့ အပြုံးတွေပိုင်ဆိုင်ထားတဲ့ လူသားတယောက် ဘယ်လောက်ငေးမိသွားသည်မသိ
အနားကိုတစုံတယောက်လာထိုင်တာမို့ ကြည့်မိတော့"Junmyeon"
"ကျတော် အိပ်မပျော်လို့ထလာတာ
ကြယ်တွေစုံတယ်နော် လမင်းကြီးလဲရှိတယ် ကြယ်တွေနဲ့အတူတူ"ခုံတန်းရဲ့ အစွန်းတွင်၀င်ထိုင်ရင်း ကြယ်တွေကို ငေးနေသောသူ
junmyeon'အပေါ် ဖြာကျနေတဲ့ လရောင်နဲ့ အတူ ခပ်ပါးပါးပြုံးထားတဲ့ Junmyeonမျက်နှာလေးက အေးချမ်းပြီး ဖြူစင်မှုအတိအချိန်တွေ ရပ်ထားခွင့်ရရင် ဒီအချိန်လေးမှာရပ်တန့်ပစ်ချင်တယ်
မင်းမျက်နှာလေးကိုကိုယ်တယောက်တည်းငေးခွင့်ရတဲ့
အခိုက်အတန့်မို့ .....
YOU ARE READING
မမုန်းခဲ့ပါ
Fanfictionအချစ်ဆိုတာ အမုန်းကနေစတင်လေလား အမုန်းမှ အချစ်သို့ပြောင်းလဲနိုင်သလား ကိုယ်သိတဲ့အချစ်ဆိုတာ ချစ်ရသူ မင်းလေး ပျော်ရွှင်ဖို့ပဲ