မမုန်းခဲ့ပါ
Part-8
ကျောင်းမှ လေ့လာရေးခရီးအတွက် yeolနဲ့အတူ
အဖော်အဖြစ်လိုက် သွားရမှာမို့ မနက်စောစော ထရင်း
ဗိုက်ခန ခန ဆာတတ်တဲ့ yeolကြောင့်ထမင်းလိပ်ဖြစ်ဖြစ် လုပ်သွားရင် ကောင်းမယ်ဆိုပြီးစဉ်းစားရင်း ထမင်းပေါင်းအိုးအရင်ချိတ်လိုက်တယ်ပြီးမှ ထမင်းလိပ်အတွက် လိုအပ်တဲ့ အစာပလာတွေအတွက်
ပြင်ဆင်လိုက်တယ်ထမင်းလိပ်လုပ်မယ်သာပြောတယ် တခါမှ မလုပ်ဖူး
လွယ်လောက်မှာပါ ရေညှိဖတ်ထဲ ထမင်းလေးထည့်
မုန်လာဥနီ ဂဏန်းအသားချောင်း သခွားသီးထည့်
ပြီးရင်လိပ် လွယ်ပါတယ်စိတ်ကူးနဲ့တော့ လွယ်လွယ်လေးထင်ခဲ့ပေမယ့်
"ဟာာ ထမင်းတွေ အပြင်ထွက်ကုန်ပြီ"
ခပ်တိုးတိုးရေရွတ်မိတယ် မလွယ်လိုက်တာ
အစာပလာထည့်ပြီး ရေညှိဖတ်ထမင်းနဲ့အတူ အလိပ်လေးလုပ်တော့
ရေညှိဖက်တွေက ပေါက်ပြဲပြီး ထမင်းတွေထွက်လာလေရဲ့စိတ်ညစ်ညစ်နဲ့ ပေါက်ပြဲနေတဲ့
ထမင်းလိပ်ကိုထိုင်ကြည့်နေမိတယ်"Kris ဘာလုပ်နေတာလဲ"
အိပ်ယာထပြီး မျက်နှာသစ်ပြီးကာစမို့
ဆံပင်ထိပ်ဖျားမှာတွဲလွဲခိုနေတဲ့ ရေစက်ကလေးတွေနဲ့
ရှင်းသန့်ပြီး ဖြူစင်တဲ့ Junmyeonမနက်စာထချက်တာထင်တယ်
အခုမှ မီးဖိုချောင်ထဲ ဝေ့ဝဲကြည့်မိတော့
ရှုပ်ပွနေသောကြောင့်"အာ ကျတော် ထမင်းလိပ်လုပ်နေတာ"
"ဗိုက်ဆာလို့လား ကျတော် ......."
ဗိုက်ဆာလို့ ထမင်းလိပ်လုပ်စားတယ်ထင်နေပုံရတဲ့ junmyeonကြောင့်
"မဟုတ်ပါဘူး မဆာဘူး
Yeollieနဲ့ အတူ လေ့လာရေးခရီး လိုက်ပေးရမှာ
ဆာရင် စားရအောင် ထမင်းလိပ်ထည့်သွားရင် ကောင်းမလားလို့
တကယ်လုပ်ကြည့်တော့ .......ခက်တယ်""အချိန်ရသေးလား ကျတော်လုပ်ပေးမယ်"
မနက်စာချက်ရမယ့်junmyeonကို
အလုပ်မပိုစေချင်တာမို့"ရပါတယ် ကျတော် တခြားမုန့်ပဲ ၀ယ်သွားလိုက်မယ်"
"ကျတော် လုပ်ပေးမယ် အကုန်ရှိနေတာပဲ
ခနေစောင့်လို့ရတယ်မလား"
YOU ARE READING
မမုန်းခဲ့ပါ
Fanfictionအချစ်ဆိုတာ အမုန်းကနေစတင်လေလား အမုန်းမှ အချစ်သို့ပြောင်းလဲနိုင်သလား ကိုယ်သိတဲ့အချစ်ဆိုတာ ချစ်ရသူ မင်းလေး ပျော်ရွှင်ဖို့ပဲ